🌳Episode 1🌳

6.2K 250 8
                                    

MK2PJ ဆို ကျောင်းမှမသိတဲ့သူမရှိဘူး။

Jeon Jungkook. ကကျတော့ Solo နာမည်ကြီးတာ။

သူက PlayBoy တယောက်။

ကျနော်နဲ့ Jeon Jungkook နဲ့ အထက်တန်းရောက်တော့လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။

ကျတော်လည်းချစ်ခဲ့သလို သူကလည်းချစ်ပေးခဲ့တယ်။

               🌳 Divorce Scenario 🌳

"‌Jeon တောင်းပန်ပါတယ် ထယ်ရယ်
Jeon ကလေဒီလိုဒူးထောက်ပြီးတော့ကိုတောင်းပန်ပါတယ်"

သူကရုတ်တရက် ထိုင်ခုံကထကာ ကျနော့ရှေ့သို့ဒူးထောက်သည်။

သူ့လက်တွေကလည်း ကျနော့လက်တွေ ကိုအတင်းလိုက်ကိုင်နေတာပေါ့။

ဒါဟာ ကျနော်စိတ်ဆိုးတိုင်း သူပြုမူတောင်းပန်နေကျ အကျင့်ထဲကတခုပေါ့။

"အဟင့် ဟင့်"

အာ့မျက်ရည်တွေကလည်းအတုအယောင်တွေထဲကတခုလေ။

ကျနော့ခြေထောက်တွေကိုလည်း သူလက်ကြီးတွေနဲ့အတင်းဆွဲထားသေးတာဗျ။

အကျွေးရှင်တွေကို အကျွေးမဆပ်နိုင်လို့တောင်းပန်နေကျ သူတွေအတိုင်းပဲ တစက်လေးမှကို ကြည့်မကောင်းဘူး ဟ ဟ။

ရှိခိုးမတတ်တောင်းပန်နေတဲ့သူက အများအမြင်မှာ သနားစရာကောင်းနေရင်ကောင်းနေမယ် ကျနော့်အတွက်ကတော့ လုံးဝပဲ။

ဖြုံကိုမဖြုံတော့တာလေ။

"လွှတ်စမ်း Jeon Jungkook"

"ထယ်က Jeon ကိုမယုံတော့ဘူးလားဟင်"

"ဟ ဟ"

ကျနော်ရယ်တော့ သူ့မျက်လွှာတွေကို ကျနော့ခြေအစုံကိုခစားစေတယ်။

"ရပါတယ် ထယ်ကမယုံမှတော့..."

"လမ်းခွဲကြရအောင်"

'ဟင် ထယ် ထယ်ရယ်လုပ်ရက်လိုက်တာ ဟင့် ဟင့်"

ငိုပြန်ပြီ...
သူသရုပ်ဆောင်လုပ်ဖို့ကောင်းတယ်။

ဒါဆို အာ့မျက်ရည်တွေကကောင်းကောင်းအသုံးဝင်မှာ။

အခုကတော့ လုံးဝအလဟသပ် ပဲ Jeon Jungkook ဟ ဟ။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now