2

3.1K 238 49
                                    

ကုန်တိုက်မှအပြန်ဂျောင်ကုလက်ထဲတွင်အိပ်ပျော်နေသောက‌လေးအားအောက်လဲမချမိ့ဘဲ လက်တစ်ဖက်ကနေတင်လေးကိုမကာသူ့ပုခုံးပေါ်‌တွင်အိပ်စေသည် သူကကပ်လျက်အနေထားနှင့်ကလေးကိုကြည့်နေခြင်းပင်။

“ Grey ကိုဝင်လိုက် ကလေးကိုညနေစာဖြစ်ဖြစ်သူစားခြင်တာကြွေးရမယ်”

ခဏချင်းမှာ ငါးထပ်ရှိတဲ့ဧရိယာကျယ်ပြန့်တဲ့စားသောက်ဆိုင်တစ်ခုဆီရောက်သွားလေသည် အပေါ်ဆုံးထပ်မှာအထူး‌ဧည့်သည်တော်သီးသန့်ဖြစ်သည့်အတွက်တစ်ထပ်လုံးမှာနှစ်ခန်းသာ
ရှိလေသည် ။

ကားတံခါးကိုဖွင့်လိုက်သည်နှင့် လူကြီးဆန်ဆန်ခန့်ညားလှသည်အမျိုးသားတစ်ဦးသည်ကလေးငယ်တစ်ဦးကိုချီကာထွက်လာလေသည် ကိုယ်ရံတော်များက ဂျောင်ကုလက်ထဲမှဂျီမင်လေးကိုချီပေးပါသော်လည်းအချီမခံဘဲ ကလေးအားချီကာခပ်တည်တည်ဖြင့်ဓာတ်လှေကားထဲသို့ဝင်သွားသည်။

“တင်!”

တံခါးကိုဖွင့်လိုက်သည်နှင့် နှစ်ခန်းသာရှိသောအထပ်မှာ မီးရောင်ဖျော့ဖျော့နှင့်စိတ်အနားပြေစေရန်သုံးထားသောအရောင်တွေကြောင့်စိတ်အပန်းပြေသလိုလိုရှိလှသည်။

စားပွဲမှာဝင်ထိုင်လိုက်သည်နှင့်
ကိုရီးယားဝတ်စုံဝတ်ထားသောမိန်းမပျိုလေးသည် menu ကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာဘုရင့်စားပွဲတော်လိုစားပွဲရှည်ဖြစ်သောခုံပေါ်သို့တင်လိုက်ပြီး စိတ်ငြိမ်စွာအနောက်ဆုတ်ရပ်နေလေသည်။

“ဂျီမင်~ထတော့လေဘေဘီ”

ခပ်တိုးတိုးနဲ့လေသံအေးအေးနှိုးသော်လည်းခပ်‌ဩဩနဲ့အာဏာသံပေါက်နေသေးသည် သို့သော် ဂျွန်ဂျီမင်လေးမှာတစ်ချက်တွန့်သွားရုံသာမနိုးပေ ဂေဟာ
မှာထဲကနေ့လည်ဘက်မအိပ်ထားလို့ထင်သည် ကလေးကကားဆီးရလို့ပန်းနေတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ဒါပေမယ့်
ကားကလည်းငြိမ့်ငြောင်းပါတယ်။

သို့နှယ်သို့နှယ် မင်ပေါက်စက ဒီဂျောင်ကုကြီးကိုခဏချင်းအတွေးတွေ‌ထည့်သွင်းပေးနိုင်သည် သူ့ကိုယ်သူလည်းအံ့ဩရပါသည် ဒီကလေးတစ်ယောက်ကသူ့အပေါ်အကျိုးသက်ရောက်မှုတစ်ခုရှိတယ်ဆိုတော့လေ။

𝙳𝚊𝚍𝚍𝚢 𝙹𝚎𝚘𝚗'𝚜 𝙼𝚊𝚛𝚜𝚑𝚊 (ဂျွန်ပိုင်သောအမွှေစိန်လေး)Where stories live. Discover now