“ ဒယ်ဒယ် ဒယ်ဒယ် ဂျွန် ”
အလုပ်သွားခါနီး အသည်းအသန်
သူ့ဆီပြေးလာသော သူ့သဲညှာလေးကို
ရောက်လေရာ နေရာကနေ ရပ်စောင့်
နေလိုက်သည် ။အခုမှအိပ်ယာနိုးလာသော မင်ငယ်လေး
ပါလေ ဆံပင်တွေရှုပ်ပွနေပြီး အဝအိပ်
ထားတာကြောင့် ပါးဖောင်းဖောင်းလေး
နှစ်ဖက်ကကိုတောင် ဖောင်းနေသေးသည်။“ ဂျွန် မေ့နေတယ်! ဂျွန် မင်ငယ်ကို့
မေ့တယ် ”“ ကိုယ်ဘာမေ့တာ ”
“ မနေ့က ဂျီမင်ပြောတယ်လေ ဒယ်ဒယ်
ဂျွန်အလုပ်သွားခါနီးတိုင်း အာဘွားပေး
ပြီးမှသွားရမယ်ဆိုတာ ”နောက်နာနီက လာချီဖို့လုပ်သည့် လက်ကို
မင်ငယ်က ဖျန်းကနဲ ပုတ်ထုတ်ပစ်သည် ။ဂျောင်ကုလည်း အံ့ဩပြီး စိုက်ကြည့်
နေလိုက်သည် သူ့ကလေး ဘာလုပ်လုပ်
သူက ပြောမည့်သူမဟုတ် ။“ ဒယ်ဒယ်ဂျွန်ကလွဲပြီး ဂျီမင်ကိုမချီရဘူး
ဟင့်ဟင့် ”ဂျောင်ကုလည်း သက်ပြင်းတစ်ချက်ချ
လိုက်ကာ နာနီကိုလက်ခါပြလိုက်သည်။တင်ပါးလေးကနေလျှို သွင်းကာလက်တစ်
ဖက်ထဲဖြင့် ချီလိုက်ပြီး စိတ်ရှုပ်စရာကောင်းသော သူ့အကောင်ပေါက်ရဲ့
မျက်ကည်တွေကို နှုတ်ခမ်းနဲ့ဖယ်ရှားလိုက်
ပြီး နဖူးလေးကိုဖိကပ်နမ်းလိုက်သည် ။“ မဆိုးရဘူးနော်ဂျီမင် ”
“ ဒယ်ဒီသွားရင် မင်ငယ်ကပျင်းပြီး
ကျန်ခဲ့တော့မှာပေါ့ ”“ ယွန်းငယ်နဲ့ဆော့မလား ကင်မ်ယွန်းဂီ
ကိုခေါ်ပေးမယ် ”“ ခေါ်ပေး ခေါ်ပေး ”
သူ့ ဂျွန်ဂျီမင်လေးရဲ့ ပါးလေးကိုဖိကပ်နမ်း
ကာ ထယ်ယောင်းဆီဖုန်းခေါ်လိုက်သည်။ဂျီမင်လေးကတော့ သူဘာပြောမည်ကို
နားစွင့်နေဟန်တူသည် သူ့ရင်အုပ်အကြီး
ကြီးကို ညာလက်လေးနဲ့ကိုင်ကာ ပါးလေး
နဲ့ဖိကပ်ထားသည် ။“ အင်းထယ်ယောင်းလား ”
“ အေးပြောလေဂျောင်ကု ”
“ ငါ့ကလေးဂျီကျနေလို့ မင်းငါ့အိမ်မှာ
မင်းအသေးလေးကိုလာပို့ထားပေး
မလား ”
YOU ARE READING
𝙳𝚊𝚍𝚍𝚢 𝙹𝚎𝚘𝚗'𝚜 𝙼𝚊𝚛𝚜𝚑𝚊 (ဂျွန်ပိုင်သောအမွှေစိန်လေး)
Fanfictionဒယ်ဒီဂျွန်ဘေဘီဂျီမင်၏ဆောင်ပုဒ် "ချစ်လို့မွှေတာများများချစ်ရင်များများမွှေရမယ်" ဒယ်ဒီဂျွန်ဘေဘီဂျီမင်၏ဆောင်ပုဒ် "ချစ်လို့မွှေတာများများချစ်ရင်များများမွှေရမယ်" 15.2.22