ဆူဇန်ကားဂိတ်က toilet ထဲဝင်ကာ ဘောင်းဘီတိုပေါ်က ထဘီကိုပြန်ဝတ်လိုက်သည်။အိမ်ရောက်တော့ အိမ်ရှေ့မှာစောင့်နေတဲ့ မာမီက
"ဘယ်လိုလဲ၊ ရုပ်ရှင်က ကြည့်ကောင်းရဲ့လား"
"ဟုတ်မာမီ၊ ပုလဲဆိုလေ အော်လိုက်တာမှ... ဟင်"
"ပြောတော့ ကျောင်းသွားတာဆို ရောက်သွားတော့ ရုပ်ရှင်ရုံလား၊ ပြီးတော့..."
မာမီက ဖုန်းကိုကြည့်ပြီးဆူဇန့်တစ်ကိုယ်လုံးကို ပြန်ကြည့်ကာ
"ဒီအဝတ်အစားမဟုတ်ပါဘူး၊ ကျောပိုးအိတ်မှောက်ချလိုက်"
အိတ်ကိုမှောက်ချလိုက်တော့ မာမီက
မာမီက ပိုက်ဆံအိတ်ကိုအရင်ဖွင့်ကြည့်ကာ
"ဟိုရက်ကမှ နင့်ဒယ်ဒီမုန့်ဖိုးပေးထားတာလေ၊ ဘာလို့ ၂၀၀ပဲ ကျန်တာလဲ၊ ဟမ်"
"အိမ်မှာထားခဲ့တာ"
"သွားယူခဲ့၊ တစ်လစာပေးထားတာနော်၊ တစ်ပတ်တောင် မကုန်သေးဘူး၊ လိုတာထက်ပိုသုံးထားရင် သေဖို့သာပြင်"
ဆူဇန်က မာမီ့ရှေ့မှာပဲ ပေတေပြီးရပ်နေသည်။
"ဟဲ့ ဘာရပ်လုပ်နေတာလဲ၊ သွားယူလေ"
"....."
"မရှိတော့ဘူးမလား၊ သုံးလိုက်ပြီမလား၊ ဆူဇန်နှင်း နင်က တက္ကသိုလ်ရောက်နေပြီဆိုပြီး အမေက အလွှတ်ပေးထားတော့ လုပ်ချင်တိုင်း လုပ်နေတာပေါ့၊ ဒါက ဘာလဲပြောဦး"
ဖုန်းကိုပြပြီးမေးသည်၊ ဆူဇန်နဲ့ ဆူဇန့်သူငယ်ချင်းတွေ လှည်းတန်းစျေးထဲမှာမုန့်စားနေတဲ့ပုံ၊ ဘယ်သူကများ ရိုက်သွားပါလိမ့်။
"အဲ့ဒါဘာပုံစံဝတ်ထားတာလဲ ဟမ်၊ နင့်ဝတ်ထားတာက အပျက်မပုံစံဟဲ့"
ကြိုးတစ်ချောင်းခက်ပေါ်အင်္ကျီလေးနဲ့ ဖင်ဖုံးရုံလောက်သာရှိတဲ့ ဘောင်းဘီတိုကပ်ကပ်လေးကိုကြည့်ရင်း ပြောသည်။
"နင်က အိမ်ကိုဒီအဝတ်အစားနဲ့ ပြန်ဝင်လာရင် ငါမသိဘူးထင်နေလား ပြောစမ်း၊ နင်တော်တော်ပြချင်နေလား၊ အဲ့လောက်ပြချင် ဝတ်မနေပါနဲ့လား၊ ဘယ်မှာလဲ နင့်ရဲ့အဲ့အဝတ်အစားတွေ"
YOU ARE READING
My own experience
Fantasyအိန်ဂျယ်အပျိုပေါက်အရွယ်လောက်က ရိုက်ခံရတာလေးတွေကို ပြန်ရေးထားတာလေးတွေတင်မယ်နော်၊ fb gpမှာတေ့ တင်ပြီးသားပါ။