၁၉၂၀ခုနှစ်။
ကိုလိုနီခေတ်ကာလ။စောရှင်နု။ရန်ကုန်မြို့ရဲ့ မြို့အုပ်မင်း စောရှင်နုဆိုလျှင် မသိသူမရှိ။ဖိန့်ဖိန်တုန်အောင် ကြောက်ကြရသည်။အာဏာရှိ၍အာဏာပြသည်။အာဏာကို မဟုတ်သည့်နေရာတွင်တော့ အသုံးမချ။
"မောင်မောင်လတ်!"
အသံမှာ ဟိန်း၍ သြဇာအာဏာရှိလှသည်။ဘေးမှ ကြားရသူများပင် ကြောင်လန့်ကြရ၏။အခေါ်ခံရသူမှာ မပြေးရုံတမယ် ခပ်သွက်သွက်သွားရရှာသည်။
"လာပါပြီ ခင်ဗျာ။"
"ဒီဟာက ဘယ်လိုဖြစ်ရတာလဲ ပြောစမ်း မောင်မောင်လတ်!!"
အကြောင်းမှာ နိုင်ငံခြားမှလာသော ပိုးသားလုံခြည်အသစ်စက်စက်မှာ အစွန်းအထင်းများရှိနေ၍ဖြစ်သည်။အိမ်ဖော်များမှာ ကြောက်လွန်း၍ ခေါင်းပင်မဖော်ဝံ့ကြ။မောင်မောင်လတ်မှာပင် ကြောက်ဒူးတုန်နေပြီဖြစ်သည်။
"ဟုတ် ဟုတ်ကဲ့။အဲ့တာက ဟိုကုလားဖြူကြီး ပေးတဲ့အတိုင်းယူလာခဲ့တာပါ။ကျွန်တော်လည်း မသိပါဘူးမမလေး။"
"တောက်! ဒင်းတို့ကုလားဖြူတွေ တော်တော်လူလည်ကျပါကလား။စောရှင်နုအကြောင်းသိအောင်ပြရသေးတာပေါ့လေ။အဲ့ခါကျမှ ဒင်းဘယ်လိုနေမလဲ ကြည့်ရသေးတာပေါ့ ဟားဟား။"
စောရှင်နုသည် ထိုသို့ကြိမ်းဝါးကာ စံအိမ်တော်ကြီးပေါ်သို့တက်သွား၏။မိဘများ ချန်ထားခဲ့သော အမွေများမှာပင် စောရှင်နုအတွက် တစ်သက်စားမကုန်။ထို့ကြောင့် စောရှင်နုသည် မာနကြီးကာ အဘယ်ယောကျ်ားကိုမျှ အားကိုးစရာဟူ၍ သဘောမထားသလို စိတ်လည်းမ၀င်စားခဲ့ဖူးချေ။စောရှင်နု၏ ဘ၀တွင် အချစ်ကိုတစ်ခါမျှမကိုးကွယ်ခဲ့ဖူးခဲ့။အသက်၂၆နှစ်အရွယ်စောရှင်နုသည် ငယ်ငယ်ရွယ်ရွယ်နှင့် မြို့အုပ်မင်းရာထူးကို ရယူထားသူလည်း ဖြစ်၏။
အခန်းထဲရှိ မွေ့ယာကုတင်ကြီးပေါ်တွင် စောရှင်နုသည် လှဲချလိုက်၏။မြို့အုပ်မင်းရထူးကို ရယူထားခြင်းမှာ စောရှင်နုသည် မြန်မာနိုင်ငံအားသိမ်းပိုက်ကာ မြန်မာလူမျိူးတို့အား ဖိနှိပ်စွာ ဆက်ဆံနေသော ကုလားဖြူတို့၏ရန် မြန်မာပြည်သူအချင်းချင်း အနိုင်ကျင့်လူပါး၀နေသော အမျိုးယုတ်တို့၏ရန်မှ မြန်မာပြည်သူတို့အား ကာကွယ်ပေးချင်၍ဖြစ်၏။