1.3K 131 0
                                    

မစောရှင်နု၏ တရား၀င်မိန်းကလေးဖြစ်လာသည့် နောက်ပိုင်း အများကြီးထူးခြားလာခဲ့သည်။မစောရှင်နုဟာ ကြွေ့ကိုဆို သူ့မျက်စိအောက်က လုံး၀ကို အပျောက်မခံတော့ချေ။​စိတ်မချလို့ဟုဆိုသေး၏။တကယ်မလွယ်တဲ့ မြို့အုပ်မင်းကြီးမစောရှင်နုရယ်ပါ။

"ကြွေရေ ကြွေလွန်းငယ်လေးရေ။ဟောဒီက စောရှင်နုရဲ့ မိန်းကလေးရေ...။"

​ဟောကြည့်ပါ့လား။သူ့မျက်စိအောက်မှာ မတွေ့တာနဲ့ အဲ့သလို တကြော်ကြော်အော်ပြီးခေါ်တော့တာပဲ။ဒီမစောရှင်နုတစ်ယောက်နှင့်တော့ ဘေးလူတွေ အမြင်ကပ်ချင်စရာဖြစ်အောင်အတော်လုပ်တာပါကလား။တကယ် အမြင်ကပ်စရာကောင်းတာပါ။ရှင်တို့ မစောရှင်နုကလေ။

"ဟော ကြွေရေလို့..."

ကြည့် ကြည့် ထပ်ခေါ်ပြန်ပြီ။အသံမပေးမချင်း ခေါ်နေမည့်ပုံပဲ ဒီမစောရှင်နုကတော့..

"ကြွေ ဒီမှာ မစောရှင်နုရေ။ပန်းပင်လေးတွေ ရေးလောင်းနေတာပါရှင့်။"

ကြွေက အဲ့သလို အသံပေးတော့မှ မစောရှင်နုရဲ့အသံဟာ တိတ်သွားတော့တယ်။ကြည့်ရတာ မစောရှင်နု သူ့အိမ်ကြီးထဲကနေ ကြွေ့ဆီအပြေးလာနေပုံပါပဲ။​မကြာပါဘူး ထင်ထားတဲ့အတိုင်းပါပဲ ကြွေ့ဆီကို အပြေးလှမ်းလာတဲ့ ခြေလှမ်းတစ်စုံ။အဲ့သည် ခြေလှမ်းတွေရဲ့ ပိုင်ရှင် မစောရှင်နုကလေ ဘယ်သောအခါမှ မရိုးနိုင်အောင် ကြွေ့အတွက် ချစ်ချင်စရာ​ကောင်းနေတာပါပဲ။

အနားကို ရောက်လာပြီး ကြွေ့ခါးကို အားရပါးရဖက်လာတဲ့ မစောရှင်နုရဲ့ မျက်နှာကို မျက်မှောင်ကြုတ်ကာ မော့ကြည့်မိတော့ မစောရှင်နုဆီမှ ရယ်သံတစ်ချို့ဟာ ဖိတ်စင်ကျလာခဲ့သည်။ကြွေ့မယ် လက်က ကိုင်ထားတဲ့ ရေဖလားခွက်နဲ့ သူ့ခေါင်းကို ခေါက်ချင်လာမိတော့တာပါပဲရှင်။

"တို့မယ် မင်းပျောက်နေလို့ လိုက်ရှာလိုက်ရတာကွယ်။မင်းကတော့ ဒီမှာအေးဆေးလေး ပန်းပင်တွေရေလောင်းနေနိုင်ပုံများ။အမြဲ တို့အနားမှာပဲ ပေါက်ဖက်ကလေးလို တွယ်ကပ်နေစမ်းပါ ကြွေကလေးရဲ့။"

"မစောရှင်နုတို့များ နိုင်ကိုမနိုင်ပါဘူးတော်။"

"အို့! ဘာဖြစ်လို့လဲ ​ကလေးမရဲ့။"

အကြင်နာပိုမိ၍ မေတ္တာရှိရသည်Where stories live. Discover now