ရာဝဏ......ဒီနာမည်ကိုစွဲလမ်းခဲ့တာကြာပြီ
ဒဿဂီရိမဟုတ်ဘဲ ရာဝဏ ဆိုတာကိုစွဲလမ်းခဲ့တာ
စပြီးသိခဲ့ရတဲ့နေ့ကနေအခုထိ သူ့အကြောင်းကိုသိသလောက် တတ်သလောက်စုံစမ်းခဲ့တယ် တကယ်ပါသူ့အကြောင်းစုံစမ်းရတာကောက်ရိုးပုံထဲကျသွားတဲ့အပ်ကိုလိုက်ရှာရသလိုဘဲ ဒါပေမယ့်စိတ်မပျက်ဘဲဆက်ရှာခဲ့တယ်
ကိုယ်သိချင်တာတွေအတိအကျမသိရပေမယ့် သူ့ဇာတ်လမ်းနဲ့သူတော့သိသင့်တာတွေသိခဲ့ရတယ်
ကိုယ်သိသလောက်မှာ 4 ပိုင်း ပိုင်းရင် 3 ပိုင်းလောက်က
ဒဿဂီရိဟာလူယုတ်မာ လူကြမ်း ဗီလိန် သီတာဒေဝီကိုအဓမ္မနည်းလမ်းနဲ့သိမ်းပိုက်ခဲ့သူ သူ့ကြောင့်သီတာဒေဝီနဲ့ရာမတို့ရဲ့ဘဝအခက်အခဲတွေကြုံခဲ့ကြရတယ်သူ့ဟာမြန်မာရာဇဝင်မှာအယုတ်မာဆုံးဗီလိန်တစ်ယောက် အဲ့လိုတွေမျိုးစုံကြားခဲ့ရတယ် ဒဿကိုအရူးအမူးကြိုက်တဲ့လူတစ်ယောက်အတွက် ဒီစကားတွေကအရမ်းပြင်းထန်လွန်းတယ်လူတွေကဒဿဂီရိဟာလူယုတ်မာလို့စွတ်စွဲပြောနေကြရအောင် ဒဿကသီတာဒေဝီကိုဘာလုပ်ခဲ့လို့လဲ ဖမ်းခေါ်လာတဲ့တစ်ချိန်ဘဲအသားထိခဲ့တာလေ
အဓမ္မနည်းလမ်းနဲ့သိမ်းပိုက်ခဲ့တဲ့သူ
ပြောကြည့်ကြပါဦး သီတာဒေဝီကိုဒဿကလက်ဖျားနဲ့တောင်ထိခဲ့လို့လား
ပြီးတော့ဒဿကြောင့်ရာမနဲ့သီတာတို့ရဲ့ဘဝကအခက်အခဲကြုံခဲ့ရတယ်ဆိုရင် ဒဿကရော? ဒဿကရောဘဝမပျက်ဘဲသာယာနေခဲ့လို့လား
သေချာစဉ်းစားကြည့်ကြ
ဒဿလည်းသူ့ရဲ့အေးချမ်းသာယာနေတဲ့ဘဝကိုဆုံးရှုံးခဲ့ရတာဘဲလေ
ညီမ သား တူနှစ်ယောက် သူ့ကိုယ်တိုင်ရဲ့အသက် သူတို့ရဲ့ပျော်ရွှင်နေတဲ့မိသားစုဘဝ အကုန်ဆုံးရှုံးခဲ့တာဘဲ
ဒါကိုကြသူတို့ကမသိကြတာလား သိသိကြီးနဲ့မေ့ထားကြတာလား
သူတို့ပြောကြတယ် ဒဿဟာမြန်မာရာဇဝင်ထဲမှာအယုတ်မာဆုံးဗီလိန်လို့
မှန်ပါတယ် သူဗီလိန်ဖြစ်သွားခဲ့တယ် သူ့ရဲ့အချစ်ပေါ်ရူးသွပ်မှုကြောင့်သူဗီလိန်ဖြစ်သွားခဲ့တာ
အဲ့တာကြောင့်လည်းအခုချိန်ထိအချစ်တတ်ဆုံးလူသားအနေနဲ့ လူတစ်ချို့ရဲ့နှလုံးသားထဲမှာကျန်ရစ်နေခဲ့တာပေါ့ဗျာ
ဒဿကကိုယ့်အတွက်တော့ မြန်မာရာဇဝင်ထဲမှာအချစ်တတ်ဆုံးဗီလိန်တစ်ယောက်ဘဲ
အဓိကအချက်တစ်ချက်ပြောပြမယ်
နောက်ဆုံးအချိန်ထိရာမကသီတာဒေဝီကိုယုံကြည်ခဲ့လို့လား
ဟင့်အင်း အဲ့တာကိုတွေးမိခဲ့ရင် ရာမကသီတာဒေဝီကိုမယုံကြည်ခဲ့ပါဘူး
အဲ့လိုမယုံကြည်ခဲ့လို့သစ္စာဆိုပြီးမီးပုံထဲခုန်ချတဲ့အကြောင်းဖြစ်လာတာလေ
ရာမကသီတာကိုလုံးဝကိုမယုံကြည်ခဲ့တာ
လူတွေအများကြီးရှေ့မှာ ဒဿကတော့သီတာဒေဝီကိုလူတွေရှေ့မှာပါမစောင့်ထိန်းနိုင်လောက်အောင်အထိချစ်မြတ်နိုးခဲ့တာ..........💔
YOU ARE READING
အချစ်ရှုံးသမား...မဟုတ်တဲ့...အချစ်ရူးသမား
Historical Fictionအချစ်ရှုံးသမားလို့ဝိုင်းပြောကြတဲ့ အချစ်ရူးသမားတစ်ယောက်အကြောင်း