အခုဟာလေးက ဘာရယ်မဟုတ်ပါဘူး အချစ်ကြီးလွန်းတဲ့ဒဿဂီရိအကြောင်းလေးရေးမှာ သိချင်တဲ့လူတွေလည်းဝင်ဖတ်လို့ရတယ်နော် သိပြီးသားလူတွေကလည်းဝင်ပြီးပြောပြလို့ရတယ် အချင်းချင်းသိထားတာလေးတွေဖလှယ်ချင်လို့ပါစင့်🌚
လူတိုင်းက ရာမ၊လက္ခဏာ၊ဒဿဂီရိ(ရာဝဏ)၊သီတာဒေဝီ ဆိုတဲ့လူတွေနဲ့ရင်းနီးပြီးသားလို့ထင်တယ် ဂျူးတို့ငယ်ငယ်တုန်းကဆို9တန်း10တန်းအမကြီးတွေပြောတာကြားဖူးတယ် ဒဿဆိုတာဘယ်လောက်ယုတ်မာတာ ဗီလိန်ကြီးဒဿ
ကာမပိုင်ရှိတဲ့သီတာဒေဝီကိုခိုးယူတဲ့ဒဿ အမျိုးမျိုးဘဲကြားခဲ့ရတယ် ဒဿဟာလူတိုင်းရဲ့ပါးစပ်ဖျားမှာ လူကြမ်းကြီး ဗီလိန်ကြီး လူယုတ်မာဘီလူးကြီး ဆိုပြီးထင်ရှားခဲ့တယ် အဲ့အရာတွေကိုဂျူးကပြောင်းပြန်လှန်ကြည့်ဖို့စဉ်းစားလိုက်တယ် အခုလည်းသိသင့်သလောက်သိခဲ့ရပြီ"ဆရာကြီးချစ်ဦးညို ရဲ့ လင်္ကာဒီပချစ်သူ" ဆိုတဲ့စာအုပ်ကိုဝယ်ဖတ်ခဲ့တယ် နောက်ဆုံးခန်းမှာရင်ထဲကစို့စို့နင့်နင့်ကြီးနဲ့ သုံးရက်လောက်မစားနိုင်မသောက်နိုင်ဖြစ်သွားတာ😁✌️
ဆရာကြီးရဲ့စာအုပ်ကသမိုင်းအမှန်မဟုတ်ပါဘူး
ဆရာကြီးရဲ့တစ်ဖက်သတ်အတွေးအခေါ်နဲ့ရေးထားတာဖြစ်တယ် သူကဒဿဘက်ကသာရေးထားချင်းဖြစ်ကြောင်းကိုလည်းတရားဝင်ပြောထားတယ်
တကယ့်သမိုင်းမှာက ဒဿဂီရိ(ရာဝဏ) ဆိုတာဘီလူးကြီးဖြစ်ခဲ့တာ
သီတာဒေဝီ၊ရာမ၊လက္ခာဏာ အကုန်လုံးကလူတွေ
ဒဿကခေါင်းဆယ်လုံးရှိတဲ့ဘီလူးကြီးပေါ့ သူကအသွင်အမျိုးမျိုးပြောင်းပြီးတော့လူတွေကိုလှည့်စားနိုင်တယ်
မိန်းမကြီးလည်းလုပ်လို့ရသလို ကလေးလေးလည်းလုပ်လို့ရတယ်
သူ့ရဲ့မျက်နှာအစစ်အမှန်ကိုတော်ရုံလူမတွေ့ဖူးကြဘူး
အကုန်သိကြတဲ့အတိုင်းဘဲသီတာဒေဝီကိုရယူဖို့လေးတင်ပွဲလုပ်ကြတယ် ဒဿကရှုံးပြီးရာမနိုင်သွားတယ် အဲ့တာကိုမကျေနပ်လို့ပြန်ခိုးယူတယ် စစ်ဖြစ်ကြတယ် နောက်ဆုံးဒဿကသေသွားပြီး အချစ်ရှုံးသမားလို့နာမည်ပေးခံလိုက်ရတယ် ရာဇဝင်တွင်အောင်ချစ်တဲ့ဘီလူးကြီးတစ်ယောက်ပေါ့
ဒါဟာပုံမှန်လူတွေကြားထဲကရာဇဝင်တစ်ခုဘဲ
အဲ့ရာဇဝင်ကိုဆရာကြီးချစ်ဦးညိုကပြောင်းရေးထားခဲ့တယ်
ဒဿဟာလူသား တောင်ဆယ်လုံးပိုင်တဲ့လူ ဆိုပြီးရေးထားပေးခဲ့တယ်
ဘာဘဲဖြစ်ဖြစ် ဘယ်သူဘဲရေးရေး ဒဿဟာနောက်ဆုံးမှာသေပြီးအဆုံးသတ်ခဲ့တာ
လူတော်တော်များများမသိတဲ့အချက်က(သိတဲ့လူတွေလည်းရှိကြမှာပါအနည်းနဲ့အများတော့သိကြမယ်ထင်တယ်) သီတာဒေဝီရဲ့စိတ်ထဲမှာဒဿရှိနေတယ် ရာဇဝင်အစစ်စာအုပ်ကိုဖတ်ကြည့်ပြီးတော့သိခဲ့ရတယ် အဲ့အချက်ကို ဘယ်လိုသိရတာလဲဆိုတော့ ဒဿကအပေါ်မှာပြောခဲ့သလိုဘဲ မျက်နှာအမျိုးမျိုးပြောင်းနိုင်တဲ့ဘီလူးကြီး သူ့မျက်နှာအစစ်အမှန်ကိုမိသားစု အနည်းအပါးဘဲသိကြတာ အဲ့ထဲမှာသီတာဒေဝီပါခဲ့တယ် ဒဿရဲ့မျက်နှာအစစ်အမှန်ကိုသိတဲ့သူစိမ်းဆိုလို့ သီတာဒေဝီတစ်ယောက်ဘဲရှိတာ ဘယ်လိုလုပ်ပြောနိုင်တာလည်းဆိုတော့ ရာမကဒဿလက်ထဲကသီတာကိုပြန်ယူပြီးတော့
သီတာဒေဝီကိုမေးတယ် စစ်ဆေးတယ် ဒဿကိုဖမ်းချင်ရင်သူ့ရဲ့မျက်နှာအစစ်ကိုသိမှရမှာလေ အဲ့တော့ဒဿကိုဖမ်းဖို့ဆို တစ်ဦးတည်းတော့သက်သေကသီတာဒေဝီဖြစ်သွားတယ်
အဲ့တာကြောင့် သီတာဒေဝီက ဒဿရဲ့ပုံစံအစစ်အမှန်ကိုရေးဆွဲပေးခဲ့တယ်
စဉ်းစားကြည့်!? ရုပ်ဆိုးအကျည်းတန်လွန်းတယ်ဆိုတဲ့
ဒဿကိုသီတာဒေဝီကလုံးမကြိုက်ဘူး မချစ်ဘူး မနှစ်သက်ဘူး မမြင်ချင်ဘူးပြောပြီး တစ်ခဏလောက်ဘဲတွေ့ဖူးတဲ့ ဒဿရဲ့ရုပ်ပုံအစစ်အမှန်ကို လူမပါဘဲနဲ့တစ်ပုံစံတည်းတူအောင်ဆွဲနိုင်ခဲ့တာ
အဲ့အချက်ကိုကြည့်ချင်းအားဖြင့် သီတာဒေဝီရဲ့ရင်ထဲမှာဒဿရှိနေခဲ့တယ်
သီတာကဒဿနဲ့လုံးဝအကြည့်ချင်းစုံအောင်မနေခဲ့ဘူးလို့စာအုပ်ထဲမှာပြောတယ် တစ်ဖက်ကပြန်စဉ်းစားကြည့်ရင် ခဏလေးဘဲမြင်ဖူးတာတောင် အလွတ်ပုံတူဆွဲနိုင်တာ သီတာ့ကိုဒဿခိုးသွားတဲ့တစ်လျှောက်လုံး ဒဿကိုသာကြည့်နေမယ်ဆိုရင် သီတာကြိုက်ရင်ကြိုက်သွားနိုင်တာဘဲလေ ဟုတ်တယ်မလား
ဂျူးထင်သလိုထင်တဲ့လူတွေရှိရင်ပြောကြဦးနော် ဂျူးလည်းသိချင်လို့ ❤️❤️😁😁ဒီအထိပါဘဲရှင့် နောက်နေ့မှဆက်လေ့လာပြီး လာရေးတော့မယ်❤️❤️❤️
YOU ARE READING
အချစ်ရှုံးသမား...မဟုတ်တဲ့...အချစ်ရူးသမား
Fiksi Sejarahအချစ်ရှုံးသမားလို့ဝိုင်းပြောကြတဲ့ အချစ်ရူးသမားတစ်ယောက်အကြောင်း