メGuardian: Raphael??

153 20 22
                                    

"အရှင် Aziraphale ကျွန်တော်တို့ ကလေးရှိရာနေရာကို သွားခဲ့ပေမဲ့ နောက်ကျသွားတယ် ကလေးကလူစားလဲထားတာဖြစ်‌နေတယ် ဆက်ခံသူကိုခေါ်သွားတဲ့သူက KiTai လို့ ယူဆရတယ် "

"အင်း ဟုတ်တယ် သူပဲ"

"ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက အဲရ်ရာကြောင့် ပျောက်ကွယ်သွားခဲ့ပြီမဟုတ်လား"

"အင်း ViKen ပြန်လည်နိုးထလာသလို သူလဲ ပြန်လည်ဖြစ်ပေါ်လာတယ် အထူသဖြင့် Gifted Third Eye ကြောင့် သူရဲ့ ဆက်ခံသူအတွက် လိုအပ်တဲ့အရာမှန်သမျှကို ပြန်အသက်သွင်းပေးတာ
ViKen ကော KiTai ကောက ငါတို့ဘက်ကမဟုတ်သလို အဲရာရ်တို့ဘက်ကလဲမဟုတ်တဲ့သူနှစ်ယောက် သူတို့နှစ်ယောက်လုံးက ဆက်ခံသူကောင်လေးအတွက်ပဲ ကြည့်မဲ့နှစ်ယောက် ဒါကြောင့် Pyxis က ရွေးလိုက်တာ "

"အဲ့လိုလား ဒါကြောင့် ကျနော်တို့ထက် အရင်လက်ဦးသွားတာပေါ့ "

"Gifted နဲ့ Choice အကြောင်းရှင်းပြထားပြီး ဆက်ခံသူအတွက် ကြိုတင်ဟောကိန်းထုတ်ထားတဲ့ ကျမ်းဂန်စာအုပ်ကို ဖတ်ကြည့်ရင် တော်တော်များများကို သဘောပေါက်လာလိမ့်မယ်"

"ဟုတ်ကဲ့ပါ.."

___________メ____________

E for Eugene
S for Soule
A for Avys

S "ViKen နဲ့ ပတ်သတ်ပြီး သိရတာတွေရှိလား"

E "ဟင့်အင်းမရှိဘူး"

S " ငါအရင်တစ်ခေါက်က လူသားကမ္ဘာကို ထပ်သွားကြည့်တော့ ဆက်ခံသူနဲ့ပတ်သတ်ပြီး တစ်ခု သိလာသေးတယ်"

E "ဟုတ်လား ဘာတဲ့လဲ"

S "မိဘမဲ့ဂေဟာတစ်ခုမှာ ရှိနေခဲ့တာ ‌အသေအချာကို အစီအရင်တွေနဲ့ ဘယ်သူမှမသိအောင် ချိတ်ပိတ်ကာရံထားတာ ဒါကြောင့် ငါတို့ဘာမှမသိရတာပဲ"

E " Kitai လက်ချက်ပဲမလား"

S " ဒါပေါ့ "

E " နေပါဦး ဒါဆို မင်းက ဘယ်လိုလုပ်သိလာရတာလဲ"

S "မရှိတော့လို့ "

E " ဘယ်လို...."

S "ကာရံထားတဲ့ အစီအရင် ပျက်သွားလို့လေ ဆက်ခံသူကို တစ်စုံတစ်ယောက်က ခေါ်ယူမွေးစားသွားတယ်"

SALVATION // ƬɑҽƓყմWhere stories live. Discover now