メlost memories

210 18 21
                                    

နိုးထလာတဲ့ အချိန်မှာ အရင်ဆုံးကြားလိုက်ရတာက ကလေးတစ်ယောက်ရဲ့ငိုသံလေး..
သူ့ဆီကို လာဖို့ခေါ်နေသယောင်
ဆွဲငင်‌နေသလို ချုပ်ထားသမျှတွေကို ရုန်းထွက်ပြီး ပိတ်လှောင်ထားတဲ့ နေရာကနေ လွတ်မြောက်ခဲ့တယ်

"ငါ့ကိုခေါ်နေတာ ဘယ်သူလဲ
"ငါ့ကို ထိန်းချုပ်နေတာ ဘယ်သူလဲ
"ငါကကော ဘယ်သူလဲ

*Demon အဖြစ်မပြောင်းလဲခင်က အရာမှန်သမျှကို မမှတ်မိဘဲ ပျောက်ဆုံးနေသည်အထိ အခြေအနေက ဆိုးရွားနေခဲ့တာပဲ။

*မှတ်မိတာတစ်ခုက Taho ဆိုတဲ့ ကောင်လေးပြန်ရှင်သန်ဖို့ စွမ်းအားတွေနဲ့အလဲအလှယ်လုပ်ခဲ့တယ်ဆိုတာပဲ

"Taho က ဘယ်သူလဲ
"စွမ်းအားတွေကိုပါ အလွယ်တကူ ပေးပစ်လိုက်တဲ့အထိ ငါ့အတွက် သူ့ရဲ့ဖြစ်တည်မှုက ဘယ်လိုမျိုးလဲ....

စဉ်းစားပေမဲ့ ဘာမှမပေါ်လာ ပြန်ကြားယောင်လာတာတွေက တစ်ပိုင်းတစ်စ စကားစုလေးများသာ

" Hyung က လူတွေပြောနေကြတဲ့ Angel ဆိုတာမျိုးလား

"Hyung ကကျ ဘာမှမပြောင်းလဲသွားပဲ ကျနော်ကကျ တဖြည်းဖြည်းအသက်ကြီးလာတယ် မတရားလိုက်တာ

အား!!! ဘာတွေလဲ ဘာလို့ တစ်ခုမှ စဉ်းစားမရတာလဲ
ရင်ဘတ်တစ်ခုလုံး စူးအောင့်နာကျင်လာတဲ့ ခံစားချက်
အ‌ဖြေမရှိတဲ့ တစ်ပိုင်းတစ်စ စကားသံတွေ ထိုကောင်လေး ဘယ်သူမှန်း မမှတ်မိဘူးဆိုတဲ့ အသိက လူကို မွန်းကြပ်လာစေတယ်
စဉ်းစားလဲမရ ပေါ်လာသည်က မှုန်ရီဝိုးတဝါး ပြန့်ကြဲ‌နေပြီး ဆက်စပ်မှုမရှိတဲ့ မှတ်ဉာဏ်အပိုင်းအစများသာ
တစ်စုံတစ်ယောက်ကို ကာကွယ်ရမယ်ဆိုတဲ့အသိသာ ရှိနေခဲ့တယ်။

"အရင်ဆုံးရှာရမယ်
သူရှိရာကို ခေါ်ယူညှို့ငင်နေတဲ့ ကလေးငယ်ကကော ဘယ်သူလဲ Tahoဆိုတာကကော
ဖြစ်နိုင်ရင် နှစ်ယောက်လုံးကို ရှာရမယ်
ရှာတွေ့ရင် စဉ်းစားမရတဲ့အရာအားလုံးရဲ့ အဖြေကို ရနိုင်လောက်တယ်။

‌မသိစိတ်ရဲ့ ခေါ်ဆောင်သွားရာကို လိုက်ရှာမိတော့ အိမ်လေးတစ်အိမ် ထိုအိမ်ထဲက ထွက်လာတဲ့ လူသုံးယောက်ကို မြင်တော့
"သတ်ပစ်မယ် ဖျက်ဆီးပစ်မယ် ဆိုပြီး မသိစိတ်က အော်ဟစ်မာန်ဖီနေတာကြောင့် အသိစိတ်မလွတ်ခင် ထို‌‌နေရာကနေ ပြေးထွက်လာခဲ့လိုက်တယ်။
လာပါလို့ ခေါ်နေတဲ့ ကလေးကလဲ ရောက်လာချိန်မှာတော့ ရှိမနေခဲ့။

SALVATION // ƬɑҽƓყմWhere stories live. Discover now