(04)

87 17 4
                                    

WooJoo ရဲ့ ဒိုင်ယာရီ ()

ခေါင်းစဉ် :: ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုရဲ့ကြား အစ်ကို ဗျာများခဲ့ရတဲ့ နေ့တွေ

[နိုဝင်ဘာလ၊ ၃ရက်၊ ၂၀၂၀ ခုနှစ်]✏️

အစ်မက အစ်ကို့အပေါ် တော်တော်လေး နားလည် ခွင့်လွှတ်ပေးနိုင်တဲ့ အမျိုးသမီးပါ။ ဘယ်ဆီကို ဦးတည်ပြီး ထွက်သွားမှန်း သိရက်နဲ့တောင် အစ်ကို အိမ်ပြန်လာချိန်တိုင်း နွေးထွေးတဲ့ အပြုံးတွေနဲ့ ပွေ့ဖက် ကြိုဆိုပေးဖို့ကို အစ်မက လုံးဝ မမေ့ခဲ့ဘူး။
ဒါပေမယ့် ဒီ အပြုံးတွေကပဲ အချိန်တန်ရင် အိမ်ပြန်လာရမယ် ဆိုတဲ့ အသိကို အစ်ကို့ဦးနှောက်ထဲ တစ်စတစ်စ ရိုက်သွင်းပေးနေတဲ့ အာဏာတစ်ခု ဖြစ်လိမ့်မယ်။
ငါ မြင်ဖူးတဲ့ အစ်ကို့ ပါးချိုင့်ရေးရေးတွေကိုတော့ မှတ်ဉာဏ်ထဲ တိတိကျကျ ပြန်ပုံဖော်ကြည့်ဖို့ နည်းနည်းလေး စပြီး ခက်ခဲနေခဲ့ပြီ။

တက္ကသိုလ်ကနေ စာကြည့်တိုက်။ စာကြည့်တိုက်ကနေ အိမ်။ အိမ်ကနေ အစ်ကိုနေထိုင်ရာရပ်ဝန်းလေးအနီး။ ငါ့ရဲ့နေ့ရက်တွေက ဒီလိုနည်းနဲ့ပဲ အထပ်ထပ် လည်ပတ်နေခဲ့တာ။ ရင်မောစရာ အားလုံးကို ခဏလောက် မေ့ပြီး သူငယ်ချင်းတွေနဲ့ စိတ်လွတ်လက်လွတ် အချိန်ဖြုန်းပစ်လိုက်တဲ့ အခိုက်အတန့်တွေလည်း ရှိတော့ ရှိပါရဲ့။ ဒါပေမယ့် တစ်နာရီ၊ နှစ်နာရီကြာရင် လှပတဲ့ဝဋ်ကြွေးလေးတစ်ခုလိုမျိုး ငါ့မှာ ထုံးစံအတိုင်း အစ်ကိုနေထိုင်ရာ ရပ်ဝန်းလေးရှေ့ကို အလိုလို ရောက်သွားခဲ့ပြန်တာပါပဲ။

အစ်ကို့ရဲ့အမျိုးသမီးက အခုထိလည်း အသည်း အစားထိုးပေးမယ့် အလှူရှင် ရှာမတွေ့သေးဘူး ထင်တယ်။ တကယ်လို့ အလှူရှင် ရှာတွေ့ခဲ့ရင်တောင် ခွဲစိတ်ဖို့ ပိုက်ဆံအတွက် အစ်ကိုတို့မှာ အခက်အခဲ ဖြစ်နေပုံ ပေါက်တယ်။ ခွဲစိတ်ဖို့ ပိုက်ဆံ မဟုတ်ဘဲ အကြွေးကိစ္စကလည်း ရှိနေသေးတယ် မဟုတ်လား။ တစ်နေ့ထက်တစ်နေ့ ပုခုံးတွေ ပို လေးလံလာတဲ့ အစ်ကို့ကို မြင်ရတာက ငါ့အတွက်တော့ ငရဲခန်းထဲမှာ အသံထွက်ခွင့် မရှိဘဲ ကြိတ်မှိတ် နှိပ်စက်ခံနေရသလို။ ငါ ဘွဲ့ယူဖို့နဲ့ လက်ထပ်ဖို့အတွက် မေမေ ဘဏ်ထဲမှာ စုပေးထားတဲ့ ပိုက်ဆံတွေကို မေမေ မသိအောင် ခိုးထုတ်ဖို့တောင် စဉ်းစားလိုက်မိသေးတယ်။ ဒါပေမယ့် အဲ့ဒီလိုဆို မေမေက အများကြီး စိတ်တိုလိမ့်မှာ။ အဲ့ဒီလိုဆို မေမေက ငါ့ကို တစ်သက်လုံး စကားပြောချင်မှတောင် ပြောတော့မှာ။ ငါ အလုပ်လုပ်ပြီး စုထားတဲ့ ပိုက်ဆံလေးတွေ နည်းနည်းပါးပါး ရှိတာကြောင့် အဲ့ဒါလေးတွေနဲ့ပဲ အစ်ကို့ကို အရင် ကူညီထားရမလား။ ဒါပေမယ့် ဘယ်လို ဆင်ခြေတွေနဲ့ အဲ့ဒီ ပိုက်ဆံကို အစ်ကို့ဆီ သွားပေးရမလဲ ဆိုတာ ငါ တကယ် မသိပါဘူး။

우주의 세계 - The Universe Belongs To (Completed)Opowieści tętniące życiem. Odkryj je teraz