Chap 2

694 60 0
                                    

.

'lonely...I'm Mr. Lonely🎵🎶
I have nobody..for my own....'

နေ့လည်က ဖတ်လက်စ စာအုပ်ကို
ဆက်ဖတ်နေရင်းနဲ့ ရုတ်တရပ် ထွက်ပေါ်လာတဲ့
သီချင်းသံကြောင့် ဘေးဘီဝဲယာကို လှည့်ကြည့်မိသည်.

'ဘယ်ကလာတဲ့အသံပါလိမ့်'
Chaeyoung က ကြောက်တက်တဲ့သူမဟုတ်ဘူးဆိုပေမယ့်.. ညကြီးမိုးချုပ် ဘယ်ကထွက်နေမှန်းမသိတဲ့သီချင်းသံကြောင့် နည်း၂တော့ ကျောချမ်းမိသည်..
ခဏတာ တိတ်သွားပြီးတော့ ထပ်မြည်လာပြန်သည်.

'lonely... I'm mr. Lonely...
i have nobody..'

"Rosie!!"

"JESUS!!!"

အခန်းပြတင်းပေါက်ကနေ
စပ်ဖြီးဖြီးနဲ့ ခုန်ဝင်လာတဲ့..
Jesus မဟုတ်တဲ့ Jennie Kim ။

"ငါဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလည်း
တံခါးဖွင့်ခိုင်းမလို့ကို
တော်သေးတယ် တံခါးက lockချမထားလို့"

Chaeyoung ဖုန်းကိုယူကြည့်လိုက်တော့
missed call ၂ခါ..
သူမထပ်ပြီးသိလိုက်ရတာက
ခုနက သီချင်းသံက ဖုန်း ringtone သံဆိုတာကိုဘဲ
ကျိန်းသေ ဒါ Jennie ရဲ့လက်ချက်ပါ..

တစ်ခါကလည်း ကြောင်တွေကိုက်ပြီး ရန်ဖြစ်နေတဲ့အသံကြီးကို သူမ မသိအောင်ဖုန်း ringtone ထည့်ပေးထားတာ.. သူတို့ မိသားစု ညစာစားနေတုန်း
အဲ့ဒီ့ အသံကြီးထွက်လာတော့
အကုန်လုံးပြာပြာသလဲ ခုံအောက်တွေငုံ့ကြည့်..
ဖေဖေဆို ဧည့်ခန်းထဲက တုတ်တွေပါသွားဆွဲတာ
အိမ်က ရွှေဝါမ သူများအိမ်က ကြောင်နဲ့ ရန်ဖြစ်တယ်ထင်လို့။

"နင့်ကို အဲ့လိုတွေ မတတ်ပါနဲ့လို့ ဘယ်နှခါပြောရမလဲ
ခြေချော်လက်ချော် ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"

"ပြုတ်မကျလို့ဘဲ အခန်းထဲရောက်နေပီမလား"

Chaeyoung တို့အိမ်ရှေ့က သစ်ပင်ကြီးဟာ
အကိုင်းအခတ်တွေ ဝေဝေဆာဆာရှိပြီး
Chaeyoung ရဲ့ အခန်းပြတင်းပေါက်နားအထိ
ဆက်နွယ်နေတယ်..
Jennie က Chaeyoung တို့အိမ်ကို
ဝင်ထွက်လို့ရတယ်ဆိုပေမယ့်
ခုလို ညကြီးအချိန်မတော်တွေ လာရင်
မိဘတွေက ငြိုငြင်မှာစိုးတာကြောင့်
သစ်ပင်ကနေခိုးတတ်လေ့ရှိတယ်...

"ခုချိန်ကြီးမှ ဘာလာလုပ်တာလည်း
၁၁ တောင်ထိုးနေပြီ"

"ရုပ်ရှင်ကြည့်မယ်လေ
ဒီမှာ ပေါက်ပေါက်နဲ့ အအေးဘူးတွေပါဝယ်လာတယ်"

YELLOW SEAWhere stories live. Discover now