.
.
.
."Jennie နင်ဘယ်မှာလဲ"
"Rosie! ငါလမ်းမှာလာနေပြီလို့ပြောပြီး
ဖုန်းချလိုက်တာ ၁ မိနစ်တောင်မပြည့်သေးဘူး
နင်ငါ့ကို ခေါ်နေတာ ၅ မိနစ်အတွင်းမှာ ၄ခါရှိနေပြီ""စိတ်ပူလို့ဆက်နေတာဟဲ့
အားအားယားယားခေါ်နေတယ်ထင်လား""နင်စိတ်ပူတာလည်းလွန်လွန်းတယ်
ငါက ကလေးလည်းမဟုတ်ဘူး""ကလေးမဟုတ်လို့ပေါ့
ကလေးသာဆို ဘာရန်ညိုးမှမရှိဘူး
ဓားနဲ့လာထိုးမယ့်သူလည်းမရှိဘူး"နောက်ဆုံးနားလေးမှာ တိမ်ဝင်သွားတဲ့အသံလေးကို
Jennie သတိထားမိလိုက်သည်"Rosie..
...
...
ငါရောက်တော့မယ် ၁၀မိနစ်ဘဲ
အရမ်းစိတ်ပူမနေနဲ့..နော်"လူချင်းတွေ့မှဘဲ သေချာနှစ်သိမ့်ပေးတာ
ပိုကောင်းမည်ဟု တွေးမိ၍
Chaeyoung ကို စိတ်မပူဖို့သာ ဖြောင်းဖြလိုက်ပြီး
ဖုန်းချလိုက်တယ်..
.
.
.Jennie ရောက်မလာသေးတာကြောင့်
ဖုန်းထပ်ခေါ်ချင်နေပြီ.
သို့ပေမယ့်လည်း ၁၀ မိနစ်လို့ပြောထားတာကြောင့်
စောင့်ကြည့်လိုက်တာပိုကောင်းမည်ထင်သည်.
အခု ၇မိနစ်နဲ့ ၄၀ seconds..Chaeyoung ကိုလည်း အပြစ်တင်လို့မရ
အဲ့နေ့က အဖြစ်အပျက်တွေ ပြီးတည်းက
Jennie ပြန်ကျန်းမာလာသည့်တိုင်အောင်
Chaeyoung တစ်ယောက်မှာတော့
အကြီးအကျယ်စိတ်ထိခိုက်နေရစဲ...အခုဆိုရင် ၁လတောင် ကြာခဲ့ပြီဆိုပေမယ့်
Chaeyoung အတွက် ကတော့
မနေ့တစ်နေ့ကလိုပါဘဲ..
Seconds နဲ့အမျှ စိတ်ပူနေရလွန်းလို့
ဖုန်းတွေလည်းအဆက်မပြတ်ခေါ်နေတတ်ပြီး
အလုပ်ရှုပ်ပြီး Jennie ဖုန်းမကိုင်နိုင်တဲ့အခါမျိုးမှာ
အလုပ်ထိပါ ရောက်ချလာတတ်သည်..အစားအသောက်တွေပါပျက်လို့
ခုရက်ထဲ Chaeyoung တစ်ယောက်
ပါးဖောင်းဖောင်းလေးတွေပါ ပျောက်ကွယ်လုမတတ်.အဲ့နေ့ကမြင်ကွင်းကိုလည်း
အိမ်မက်ထဲမှာ မကြာခဏမြင်တွေ့နေရစဲ..
အဲ့နေ့က....
Jennieတော်တော်နဲ့ ရောက်မလာတဲ့အဆုံး
လာရာလမ်းကိုလှမ်းကြည့်ဖို့
နောက်လှည့်လိုက်တယ်ဆိုရင်ဘဲ..
မလှမ်းမကန်းက
သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့Jennie..
Chaeyoung ခမျာ သွေးပျက်မတတ်
တုန်လှုပ်သွားခဲ့ရပြီး..
သူ့ကိုယ်သူပင် ဘာတွေလုပ်နေမှန်းမသိတော့
ဘယ်သူက အရေးပေါ်ကားခေါ်ပေးမှန်းလည်းမမှတ်မိတော့..ကားပေါ်ဘယ်လိုရောက်ခဲ့မှန်းလည်းမသိ..
ဆေးရုံသို့ဘယ်လောက်ကြာအောင်
လာခဲ့ရလည်းဆိုတာလည်း မသိတော့..
အရေးပေါ်ခွဲစိပ်ခန်းအရှေ့မှာ
သွေးရူးသွေးတန်းတွေ ပြောနေတဲ့
Chaeyoung ကို Jennieရဲ့အမေက
ပွေ့ဖတ်ထားပေးခဲ့တယ်..
YOU ARE READING
YELLOW SEA
Fanfictionငါတို့၂ယောက်အတူပေါင်းစပ်ဖို့ဆိုတာ~~ ဘယ်တော့မှမဖြစ်နိုင်ဘူး•• ~ why not? We are in Love: ~ aren't we? Nothing but Chaennie <3