ယူနာ

11.8K 834 39
                                    

<Unicode>
*ယူနာလို့ပဲသုံးပါတော့မယ်*

ယူနာသူ့နှုတ်ခမ်းအားတစုံတခုကဖိကပ်နေသည်ကိုခံစားမိသည်။ထို့နောက်လည်ချောင်းထဲတိုးဝင်လာတဲ့လေများ။ယူနာလေးလံနေတဲ့မျက်ခွံများကိုအားယူပီးဖွင့်ကြည့်လိုက်သည်။

"အားး ခဗျားဘယ်သူလဲ"

ထိုလူကသူ့အပေါ်တက်ဖိထားကာလွှတ်ပေးလိုက်ရတဲ့ယူနာရဲ့နှုတ်ခမ်းကိုသာမျက်တာင်မခတ်ပဲစိုက်ကြည့်နေသည်။ယူနာကဘေးပတ်ဝန်းကျင်ကိုအကဲခတ်မိတော့ကျောက်ဆောင်တခုပေါ်တွင်ရောက်နေခြင်းပင်။ထုံကျင်နေတဲ့နှုတ်ခမ်းကြောင့်ထိုလူကရှေးဦးသူနာပြုနည်းဖြင့်ကယ်ထားမှန်းသိလိုက်သည်။

"ခဗျားကျနော့်ကိုကယ်ထားတာပေါ့"

"...."

"ခဗျားစကားရောပြောတတ်ရဲ့လား"

ယူနာထိုလူကိုသေချာကြည့်မိတော့အပေါ်ပိုင်းတွင်ဘာအဝတ်စားမှမရှိပဲရှည်လျှားတဲ့ဆံပင်ကိုသာလွှားပီးချထားသည်။ထို့နောက်အကြည့်ကအောက်ပိုင်းသို့ရောက်သွားတော့...

"ခ ခဗျားက ရေ ရေသူမ!"

"သေချာကြည့်ပါအုံးကွာ ကိုယ်ရဲ့ဘယ်နေရာကမိန်းမနဲ့တူနေလ့ိုလဲ"

"ခဗျားကစကားပြောတတ်သားပဲ"

"ကိုယ်ကဘာသာစကား10မျိုးလောက်ထိပြောနိုင်တယ် လိပ်စကားရော ငါးမန်းစကားရော ဝေလငါးစကား..."

"ရပါပီ ခဗျားပြောတတ်တာသိပါတယ် ပီးတော့ကျနော်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်"

"မလိုပါဘူး မင်းလေးသာခနခနရေနစ်ရင်အရမ်းကောင်းမှာပဲ"

"ဟမ်!ဘာလို့လဲ"

"မင်းလေးရဲ့နှုတ်ခမ်းကအရမ်းနူးညံ့တယ် ပီးတော့ကျောက်ပုစွန်လေးလိုနီရဲနေတာပဲ"

"အဟမ်း!အဟွန်း! ချီးကျူးပေးတယ်လို့ပဲသဘောထားလိုက်မယ်"

*ဒီလူကသေချာပေါက်ငါ့လူပဲ*

"ဒါနဲ့ခဗျားမှာနာမည်ရှိလား"

"ရှိတာပေါ့ လိပ်တေမှာတောင်နာမည်ရှိတယ်"

"ခဗျားနာမည်က"

"ကလိုဘင်"

"ကလိုဘင်?"

System Pue(completed)Donde viven las historias. Descúbrelo ahora