"ဆောနူး သားသားက တကယ်ပဲညီလေး
မလိုချင်ဘူးပေါ့လေ ""မလိုချင်ပါဘူးဆို မာမားကလည်း
မာမားက သားထက်သူ့ကိုပိုချစ်သွားရင် ဘယ်လိုလုပ်မှာလဲ အဲ့ကျငိုမှာနော် "ပန်းရောင်သမ်းနေတဲ့ ပါးလေးတွေ ဖောင်းထွက်လာတဲ့အထိ နှုတ်ခမ်းကိုဆူရင်း ဂျီကျနေတဲ့ တစ်ဦးတည်းသောသားလေးကို ကြည့်ပီး ကင်ချွဲယောင်းမျက်နှာမှာ အပြုံးလှလှလေးတစ်ပွင့်ကသူ့အလိုလိုဖြစ်တည်သည်။သားလေးခေါင်းကို ခပ်ဖွဖွလေး
သပ်ပေးလိုက်ရင်း"သားကလည်း အခုသွားခေါ်မယ့် သားညီလေးကသနားစရာပါကွယ် သူ့ဖေဖေရောမေမေရောက ကောင်းကင်ပေါ်ရောက်သွားကြပီ
သားသားကမှ မာမားရှိသေးတယ်
သူကတစ်ယောက်တည်း "သူမအဲ့လိုပြောလိုက်တော့လည်း သနားသွားဟန်တူသည်။ သားလေးက စိတ်ထားကောင်းလွန်းတာ သူမသိသည်လေ၊ အမေအပေါ်မှာသာ တစ်ခါတစ်ရံ ဂျီကျချင်တာ။ မျက်ဆံညိုညိုလေးတွေရှိတဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူမကိုမော့ကြည့်ရင်း
"အင်း ဒါဆိုသနားပါတယ်နော်
သားက ညီလေးကိုပျော်အောင်ထားမှာပါ ""မွ !
မေ့သားလေးက လိမ္မာပီသား ""နီရှီမူရာ ရီခီဆိုတဲ့ကလေးကို လာခေါ်တာပါရှင့်"
"အော် ခနထိုင်ပါဦးနော်
သွားခေါ်ပေးပါ့မယ် ရီခီရေ သားသား "ခနကြာတော့ သွားခေါ်ပေးတဲ့ အန်တီနဲ့အတူတူ ထွက်လိုက်လာတဲ့ကလေးလေးကို ဆောနူးအကဲခတ်နေမိသည်။မေမေကတော့ နွေးထွေးစွာပြုံးပြပီး သူ့အနားလာဖို့ခေါ်သည်။အနီးကပ်မြင်ရတဲ့မျက်နှာလေးကို ဆောနူးသေချာထပ်ကြည့်မိတော့ မေးစေ့ထက်က မှည့်နက်နက်လေးကိုတွေ့၍ ထိုအရာကိုပဲ လိုက်ကြည့်နေမိသည်။ ဟိုကလေးကတော့လူကြောက်ပုံမပေါ်၊ မေမေ့နားကို ပြုံးပြုံးရွှင်ရွှင်ပဲကပ်သွားကာ သူ့ကိုသေချာစိုက်ကြည့်ရင်း
"ကိုကိုက ချစ်စရာလေး "
ဆောနူးက ဘယ်ဘက်ကကြည့်ကြည့် ချစ်စရာကောင်းနေတဲ့ ကလေးမို့ ထိုစကားကိုအဖန်ပေါင်းများစွာ ကြားရခဲ့ပေမဲ့ ပြုံးပြုံးကြီးနဲ့ ကျေကျေနပ်နပ်ကြီး နားထောင်ခဲ့သည်သာ၊ ထိုကလေးကသာ သူရှက်အောင် ဘယ်လိုမှော်အတတ်တွေနဲ့ ပြောလိုက်တယ်မသိ။