ကင်ချွဲယောင်း သူမမြင်နေရတဲ့မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေမိသည်။ဒီကလေးနှစ်ယောက်က အရမ်းသံယောစဥ်တွယ်နေတာကို သိပေမဲ့ ညီအကိုတွေလိုချစ်ကြတာဆိုပီး တစ်လျှောက်လုံးပီတိဖြစ်ခဲ့ရတာတွေက အခုတော့ ကြက်ပျောက်ငှက်ပျောက်။
ဟင့်အင်း ငါ့သားနှစ်ယောက်က ဒီလိုဖြစ်နေတာကိုလက်မခံနိုင်ဘူး။သူမ မနက်အလင်းရောက်ရောက်ချင်းကုတင်ပေါ်ကထလာခဲ့သည်။တစ်ညလုံးလည်း ရင်တွေပူကာ အိပ်လို့မပျော်။ သားတို့အခန်းတံခါးကို ဖွင့်ကြည့်တော့အိပ်နေတဲ့ မျက်နှာလေးတွေက အပြစ်ကင်းစွာ...
ဒါပေမဲ့ သူမဒီဆုံးဖြတ်ချက်ကို ရင်နာနာနဲ့ပဲ"ရီခီ သားထဦး မာမားပြောစရာရှိတယ်"
"ဟင် ဟင်
ဘာလဲမာမား "နီခီ မှုန်ဝါးနေတဲ့မျက်လုံးတို့ကို ပွတ်သပ်ရင်း မေးတော့ မာမားက မီးဖိုခန်းထဲကို လိုက်ခဲ့ဦးဆို၍ အိပ်ရေးမဝစွာပဲ လိုက်သွားလိုက်သည်။
"သားကို Europeမှာ ပညာသင် သွားစေချင်တယ်၊ အဲ့မှာ မာမားအသိရှိတယ် "
"ဟင် ဘယ်တော့လဲ မာမား "
"ဒီနေ့ မနက်ပဲ
ကိုကို မနိုးခင်သွားတော့
သူနိုးလာရင် မလွှတ်မှာစိုးလို့ "မျက်ရည်တွေဝဲပီး အသံတွေကုန်ကာပြောနေတဲ့မာမားကို ဘာဖြစ်လို့လည်းလို့လည်းမေးချင်သလို သူမသွားချင်ဘူးလို့လည်း နီခီပြောချင်နေသည်။ ကိုကိုနဲ့ မာမားမရှိပဲ သူဘယ်လိုနေရမှာလဲ၊ ဒါပေမဲ့ နှုတ်ကထွက်လာတဲ့စကားတို့က အတွေးနဲ့ဆန့်ကျင်စွာ
"ဟုတ် မာမားပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
ဘယ်တတ်နိုင်မလဲ။သူ့ကို ဒီလောက်ထိစောင့်ရှောက်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပေါ့။
ကျောင်းသွားဖို့ပေးထားတဲ့ alarmမြည်လာတော့ဆောနူး လှမ်းပိတ်ရင်း ဘေးကိုကြည့်မိသည်။ နီခီလည်းမရှိပါလား၊ သူကဘယ်တော့မှ ဆောနူးအရင် ထတတ်လေ့မရှိဘူးလေ။
"မာမားရေ မာမား
နီခီ့ကိုလည်း မတွေ့ပါလား ""သူမရှိတော့ဘူး
Europeကိုသွားပီ အခုဆိုလေဆိပ်သွားတဲ့ လမ်းမှာရောက်နေလောက်ပီ "