- 18 - [ Unicode ]

49.4K 4K 205
                                    


(Uni)

သူရတစ်ယောက်ဒီနေ့ပိတ်ရက်မို့အားနေသည်။ဒါ့အပြင်ဝေယံကသူနဲ့အတူလျှောက်လည်ရအောင်လို့ဆိုလာတာကြောင့် မနက်စောစောထကာပြင်ဆင်စရာရှိတာပြင်ဆင်လိုက်သည်။အရင်နေ့တွေဆို စောစောမထတတ်တဲ့သူက ဒီနေ့တော့မိုးတောင်မလင်းခင်နိုးနေတာဖြစ်သည်။တစ်ညလုံးလဲအိပ်လို့ကမရ။ချစ်ရတဲ့ကောင်လေးနဲ့အတူအပြင်ထွက်လည်ရမည့်အရေးကိုတွေးကာပီတိဖြစ်၍မဆုံးပင်။

Shirtအပြာနုရောင်လေးနဲ့အတူPantsအမည်းတစ်ထည်ကိုတွဲဖက်ဝတ်ဆင်ထားတဲ့ခန့်သူရပိုင်ကသက်လျာလိုချစ်ဖို့ကောင်းနေတာမျိုးမဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ကြည့်လို့ကောင်းနေတာမျိုး။ထွေထွေထူးထူးပြင်စရာမရှိတာမို့အိမ်ရှေ့ဖိနပ်စင်နားမှာထိုင်ကာချိန်းထားတဲ့အချိန်ကိုရောက်ဖို့စောင့်နေလိုက်သည်။

ခဏကြာတော့ ၉နာရီထိုးပြီမို့အိမ်တံခါးတွေပိတ်ကာ ဝေယံကကားမှတ်တိုင်နားမှာစောင့်နေဟုဆိုတာကြောင့် မှတ်တိုင်သို့သွားဖို့ပြင်လိုက်သည်။၅မိနစ်လောက်အကြာမှာတော့ ကားအဖြူလေးတစ်စီးကသူ့ရှေ့မှာရပ်လို့လာပြီး ကားထဲကလူကသူ့ကိုလှမ်းပြောသည်။

"လာလေ ပိုင်"

"အင်း"

တံခါးကိုဖွင့်ကာ တစ်ဖက်တစ်ချက်စီကိုဝင်ထိုင်လိုက်တော့ ဝေယံကသူ့အပေါ်ကအုပ်မိုးလိုက်ကာခါးပတ်ပတ်ပေးနေတာမို့ ရင်ခုန်သံကအတိုင်းအဆမရှိခုန်လာရပြန်သည်။ထိုအချိန်မျက်စိရှေ့မှာရှိတဲ့ဖိနပ်ဘူးလေးတစ်ခုကိုအကြည့်ရောက်သွားတဲ့သူရတစ်ယောက်သိချင်စိတ်ဖြင့် ဝေယံအားခွင့်မတောင်းဘဲကြည့်လိုက်မိသည်။ခပ်နွမ်းနွမ်းကတ္တီပါဖိနပ်တစ်ရံကထိုဖိနပ်ဘူးလေးထဲမှဖြစ်သည်။အမြင်မမှားရင်သူဒီဖိနပ်ကိုကောင်းကောင်းသ်ိသည်။ဒါဟာသက်လျာရဲ့ဖိနပ်

"ဝေယံဒါကသက်လျာဖိနပ်မလား"

"အင်း ဟုတ်တယ်"

"ဒါနဲ့ ဘာလို့..."

"ကျွန်တော်သိမ်းထားတာ ပျက်သွားတယ်ဆိုပေမယ့်လဲသက်လျာနဲ့စတွေ့ခဲ့တာကဒီဖိနပ်လေးကြောင့်လေ"

"အော်"

ဟုသာသူရပြောနိုင်တော့သည်။ပထမဆုံးတွေ့ဆုံခြင်းဖြစ်တဲ့အရာလေးကိုတန်ဖိုးထားပြီးသိမ်းထားတာပေါ့။ရင်ထဲမှာဝမ်းနည်းစိတ်တွေဝင်နေပေမယ့် သူ့ဘေးနားကကောင်လေးကိုကြည့်လိုက်တော့ပြုံးရယ်လို့နေသည်။ ဒါကြောင့်ဘာမှတွေးမနေတော့ဘဲလက်ထဲကဖိနပ်ဘူးလေးကိုနေရာတကျပြန်ထားကာ ဝေယံအားမေးလိုက်သည်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Where stories live. Discover now