- 21 - [ Unicode ]

50.4K 4.2K 98
                                    


(Uni)

- တစ်ပတ်ခန့်ကြာသော် -

အချိန်အားဖြင့်မနက်၆နာရီထိုးပြီဖြစ်သည်။ နေထွက်ခါစပြုချင်နေတဲ့မနက်စောစောမှာ ပုံမှန်အိပ်ရာစောစောထတတ်တဲ့သက်လျာတစ်ယောက်ထုံးစံအတိုင်းနှိုးလာခဲ့သည်။အရင်တုန်းကဆို ပြုံးပြုံးရယ်ရယ်နဲ့မနက်ခင်းတိုင်း အိမ်ရှေ့ကငှက်ကလေးတွေကိုအစာကျွေးနေတတ်တဲ့သူကအခုတစ်လောမျက်နှာလေးညှိုးကာတမှိုင်မှိုင်တထွေထွေနှင့်ပင်။သစ်ခွပင်လေးတွေကိုရေလောင်းရင်းနဲ့လဲတစ်ခါတစ်လေ မျက်ရည်ကကျနေမိသေးသည်။

ခါတိုင်းလိုဘဲသူ့အလုပ်ကဘဘကြီးကိုဂရုစိုက်ရမယ့်တာဝန်မို့ဝတ္တရားမပျက်ကွက်ဘဲသူသွားသည်။မောင့်ကိုနေ့တိုင်းရှာနေပေမယ့်မတွေ့ပေ။တစ်ပတ်ရှိပြီမောင် ငါမောင့်ကိုတွေ့ချင်လို့စောင့်နေတာတစ်ပတ်တောင်ရှိပြီ။ မောင်ကငါ့မျက်နှာကိုမတွေ့ချင်လို့များတမင်ရှောင်နေသလားဘဲ။ဒီရက်ပိုင်းမောင် ဘယ်များရောက်နေမလဲလို့တွေးပြီးစိတ်ပူမိသည်။ဖုံးကွယ်ထားတဲ့အမှန်တရားရဲ့အကြောင်းစုံကိုမောင်နားလည်အောင်ရှင်းပြချင်သေးသည်။အဲ့ဒါကိုမှလက်မခံတော့လဲ သူ့ကံပေါ့။နှောင်းဦးသက်လျာဆိုတဲ့သူက အချစ်ခံဖို့မွေးဖွားလာတာမှမဟုတ်ဘဲ.....

"သက်လျာ"

"ဟင်"

"ဘာတွေတွေးနေတာလဲ ရေတွေကလျှံနေပြီလေ"

သူရပြောမှသာသက်လျာသတိရသည်။အတွေးများနေလိုက်တာ သစ်ခွပင်တွေကိုရေလောင်းတာများလို့လျှံတောင်ကျနေပြီဘဲ။

"သက်လျာ ဒီကိုလာ"

"ဘာပြောမလို့လဲ"

"မင်းဒီလိုပုံစံဖြစ်နေတာကိုငါသဘောမကျဘူးသက်လျာ မင်းအခုလိုဖြစ်နေတာငါ့ကြောင့်လို့လဲခံစားရတယ်"

"မင်းကြောင့်မဟုတ်ဘူးသူရ ဒါကငါ့အမှန်တရားဘဲလေ မင်းတခြားသူကိုမပြောပြလဲ ဒီကိစ္စကတစ်ချိန်သိမယ့်ကိစ္စဘဲ ငါကဘယ်အထိဆက်ဖုံးကွယ်နိုင်မှာမို့လို့လဲ စောသိတာနဲ့နောက်ကျသိတာဘဲကွာမယ် အဲ့ဒါကြောင့်မင်းကိုယ်မင်းအပြစ်မတင်နဲ့"

သက်လျာကအိမ်ရှေ့ကငှက်ကလေးတွေကိုကြည့်ရင်းနဲ့ပြောနေသည်။မျက်ရည်တွေကကျဖို့လက်တစ်ကမ်းသာအလို။ဒါကိုသူရသိသည်။သက်လျာကအခုသန်မာချင်ယောင်ဆောင်နေတာ။တကယ်တော့သူ့စိတ်ထဲမှာ ဝမ်းနည်းနေတာပင်။

မင်းသဘောပါ မောင့်သက်လျာ [ Complete ] Donde viven las historias. Descúbrelo ahora