Ep 3 🐱🐾

605 56 25
                                    

A/N ~
Sry for being late ka🥺အကြာကြိးစောင့်ခိုင်းလိုက်ရလို့ဆောရီးနော် ပထမတစ်ခါရေးထားတာပျက်သွားလို့ စိတ်ဓာတ်ကျသွားပြီး ပြန်ရေးဖို့အားယူနေရလ်ု့ပါ 🤧

Unicode

Ohm Pawatဆိုတာ Body structure ကြောင့်ဖြစ်စေ၊ ရုပ်ရည်ကြောင့်ဖြစ်စေ၊ မျက်နှာထားကြောင့်ဖြစ်စေ အငယ်တွေမပြောနဲ့ ရွယ်တူတွေကပါရှိန်ကြတဲ့
စီနီယာကျောင်းသားတစ်ယောက်။

သူ့အရှိန်အဝါကိုအားကိုးချင်လို့
ခင်မင်ချင်ကြတဲ့ယောကျင်္ားလေးတွေ။
သူ့ရဲ့ရုပ်ရည်ကို သဘောကျလို့
ချစ်သူဖြစ်ချင်ကြတဲ့မိန်းကလေးတွေ ဒုနဲ့ဒေး...
ဆိုးပေနေလို့မကြိုက်တဲ့မိန်းကလေးအချို့တော့
ရှိတာပေါ့နော်....
အချို့ကတော့ ဆိုးတာကိုမှကြွေနေကြတာ။

အဝေးကြီးမပြောဘဲ ကန်တင်းမှာပဲကြည့်ရင်တောင်
Ohmနဲ့ အတူတူထိုင်စားခွင့်ရခွင့်ရချင်တဲ့
ဂျူနီယာကောင်မလေးတွေအများကြီးပဲ၊

ဒါပေမယ့် Ohmကတော့
သူတို့ကိုမသိချင်ယောင်ဆောင်ခဲ့တာများတယ်။

အချို့ကတော့ Ohmကို ချေမိုးနေတဲ့မာနခဲကောင်တဲ့
အချို့ကတော့ ဘဝင်လေဟပ်နေတာလို့ ဝေဖန်ကြတယ်။
ဒါလည်းOhmကဂရုမစိုက်...
ကိုယ်နေတတ်သလိုသာနေတယ်။
ဒီလိုဆိုလို့ အပေါင်းအသင်းမဝင်ဆံ့ဘူးလည်းပြောမရ...
ခင်မင်တဲ့ရွယ်တူမိန်းကလေးသူငယ်ချင်းတွေနဲ့ဆိုရင်တော့
ပေါင်းလို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်သွားပြန်ရော။

ဘာပဲဖြစ်ဖြစ် Ohm ဟာနားလည်ရခက်တဲ့လူစားမျိုး။

ဒီလိုလူမျိုးဟာ ကန်တင်းမှာတစ်ယောက်တည်းစားနေရတဲ့
Juniorတစ်ယောက်ကို အဖော်ပြုပေးဖို့
ကိုယ်စားလက်စစားပွဲကနေ ထလာပြီး
ဘေးမှာလာထိုင်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ။

အဲ့ဒီမဖြစ်နိုင်တဲ့အရာကိုပဲ Ohmက
ရုတ်တရက်ကြီးလုပ်ပြသွားတော့
ကန်တင်းကလူတွေအကုန်လုံး
အထူးတဆန်းနဲ့ဝိုင်းလေ့လာနေကြတယ်၊

မြောင်ပေါက်ကတော့ သူ့ဘေးမှာ Ohmရှိနေတာက
သူ့အတွက်နေရခက်နေရှာတယ်ထင်ရဲ့...

Ohm ဘေးမှာလာထိုင်နေကတည်းက
ခေါင်းမဖော်တမ်းငုံ့စားနေတဲ့ ကြောက်ပေါက်စ။
သူ့ရဲ့လုံးအုပ်နေတဲ့မှိုဆံပင်နဲ့
ခပ်ကြီးကြီးမျက်မှန်ဝိုင်းတွေကိုပဲ
Ohmမြင်နေရပြီး မျက်နှာကိုလုံးဝမမြင်ရတော့
Ohmကို Nonက ရှက်နေတာလား၊
ကြောက်နေတာလားမသိနိုင်ပါ။
ဒါပေမယ့် Ohmကတော့ Nonရဲ့အဲ့လိုပုံစံကိုတွေ့လေ အသည်းယားပြီး စချင်လာလေပဲ။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now