Ep 8🐱🐾(Ohm's POV)

541 45 16
                                    



"OhmPawat"

ကျောင်းကိုရောက်ရောက်ချင်း နောက်ကနာမည်ခေါ်သံကြောင့် Ohmလှည့်ကြည့်လိုက်တယ်။

"Ai Tharn မင်းရောက်နေပြီလား ဟိုကောင်တွေရော"

"သူတို့နောက်ကျမယ်ထင်တယ် ငါတို့ထိုင်ပြီး စကားပြောရအောင်"

​Basketball ကစားမယ်ဆိုပြီး Ohmတို့သူငယ်ချင်း
လေးယောက်သားချိန်းထားတာကို
Tharnကအရင်ရောက်နှင့်နေခြင်းဖြစ်သည်။

Markနဲ့ Drakeကိုစောင့်နေရင်း
Basketballကွင်းထဲကထိုင်ခုံမှာ
နှစ်ယောက်သားထိုင်လိူက်ကြတယ်။

"ပြောလေ Tharn ဘာပြောမလို့လဲ"

"ဒီလိုပါပဲ ငါပြန်ရောက်ကတည်းက နှစ်ယောက်တည်း
စကားသေချာမပြောဖြစ်သေးဘူးလေ"

"အင်းဟုတ်ပါ့ မင်းဟိုမှာအဆင်ပြေတယ်မလား"

"ပြေပါတယ် ဒါပေမယ့်မင်းတို့ကိုတော့
သတိရနေတာပေါ့ကွာ"

"ငါတို့ကမင်းကိုအားကျနေတာ"

"မင်းတို့အမြင်မှာတော့ အားကျစရာကောင်းပေမယ့်
တကယ်တမ်းက ငါတစ်ယောက်တည်းLonelyဖြစ်နေတာ"
Tharnက ခုလိုပြောလာတော့ Ohmစိတ်မကောင်းစွာ
ပုခုံးကိုပုတ်ပြီးနှစ်သိမ့်လိုက်တယ်။

"အခုမင်းပြန်လာတာ ငါဝမ်းသာပါတယ်ကွာ"

"Ohm မင်းကော ငါမရှိတဲ့ချိန် ဆိုးပေနေတာဆို"

"ဒီလိုပါပဲ အစကတည်းက ငါကလူဆိုးပဲလေ"

"မဟုတ်ပါဘူး...မင်းအရင်က လူဆ်ိုးမဟုတ်တာ
ငါသိပါတယ်"

Tharnရဲ့စကားကြောင့် Ohmခဏငြိမ်ကျသွားတယ်။

"မင်းဘာလို့ ခုလိုဆိုးသွားလဲဆိုတာတော့ ငါသေချာမသိဘူး"

Ohm က တစ်ချက်ရယ်လိုက်ပြီး ခပ်နောက်နောက်စကားဆိုတယ်။

"ထိန်းပေးမယ့်မင်းမရှိလို့နေမှာပေါ့ကွာ ဟားဟား"

Ohmရဲ့စကားကို Tharnလက်မခံပါ...

"ငါတို့အလယ်တန်းတုန်းကဖြစ်ခဲ့တဲ့အဖြစ်ပျက်ကို
မင်းခုချိန်ထိ သတိရနေတာမလား"

"...."

နှစ်ယောက်လုံးစီက စကားသံတစ်ခုမှထပ်ထွက်မလာတော့ဘဲ Basketballကွင်းတစ်ခုလုံး
တိတ်ဆိတ်သွားပါတော့တယ်။

You've reached the end of published parts.

⏰ Last updated: Nov 12, 2022 ⏰

Add this story to your Library to get notified about new parts!

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now