Arc-6.15 Uni

1K 128 17
                                    


" ကြောင်....မင်းစည်းဝိုင်းထဲ.....ဝင်တော့ "

host-" ဘာလို့လဲ....ကျွန်တော်မလိုချင်ဘူး.....သွားလည်းမသွားချင်ဘူး "

Takizaw မှာ သူ့ကို ဇွတ်အတင်း စည်းဝိုင်းထဲဝင်ခိုင်းနေသော အဘိုးကြီးကြောင့် ကြောင်တောင်တောင်လေးကြည့်ရင်း မေးလိုက်သည်။ ကြည့်ရတာ ဒီအဘိုးကြီး ဒီဆုကို အတည်လိုချင်နေပုံပဲ ။

" မလိုချင်လည်း....ငါ့အတွက်ယူလာခဲ့.....ငါမင်းရဲ့ခေါင်းဆောင်.....အမိန့်ပေးနေတာ..... "

host-" အို့...... "

Takizaw မှာ အဖိုးကြီးစကားကြောင့် စည်းဝိုင်းထဲကို ခြေဆောင့်ကာ ဝင်သွားလိုက်သည်။ သူ့ပုံစံက အတင်းတွန်းအားပေးလို့ မင်္ဂလာ ဆောင်ရတဲ့ ကလေးနဲ့တူနေတာကြောင့် တခြား V များဟာ နှ
စ်သက်စွာ ပြုံးမိကြသည်။ takizaw စည်းဝိုင်းထဲကို ဝင်တော့ အဘိုးကြီးက ပွဲစီစဥ်သူကို အပြားလေးတစ်ခုပေးလိုက်သည်။ ဘာအပြားမှန်းတော့ takizaw သေချာမမြင်လိုက်။

" မင်းပုံစံကဖြစ်ပါ့မလား.....ငါ့ထက်​တောင်သေးသေးတယ် "

host-" fuck !! ....ငလူးမ.....တိုက်မှာဖြင့်တိုက်.....စကားမများနဲ့......ဟွန့်....လူကမှ.....အိပ်ချင်ရတဲ့ထဲ "

Takizaw မောက်မာစွာဖြင့် သူ့ကို အထင်သေးသလိုကြည့်နေသော ထိုလူကို ​အော်ပြစ်လိုက်သည်။ သူ့ဆဲသံအဆုံးမှာ ပတ်ဝန်းကျင်ဟာ တိတ်ကျသွားသည်။ နောက်ပြိီး ထိုလူဟာလည်း သူ့ကို ဒေါသထွက်စွာစိုက်ကြည့်နေလေသည်။

" ဟား.....ဟား......ဟား....ငါနဲ့တိုက်လို့......မင်းအိပ်ချင်စိတ်တွေ.....ပြေသွားလိမ့်မယ်...... "

host-" အို.....အို.....အို.....လောလှချည်လား.....ခိ.....ခိ....."

Takizaw သူ့အလစ်ကို ဖမ်းကာ ဝင်တိုက်လာသော ထိုလူကြောင့် တစ်ဖက်ကို ပေါ့ပါးစွာပင် ရှောင်လိုက်ပြီး ချစ်ဖို့ကောင်းစွာ ရီလိုက်သည်။ တစ်ခြားသူတွေကတော့ တစ်ခနနဲ့ အဝေးရောက်သွားသော takizaw အမြန်နှုန်းကြောင့် မျက်လုံးပြူးကုန်ကျသည်။

" ဟား...ဟား...မဆိုးဘူးပဲ...ကောင်လေး....မင်းအမြန်နှုန်းကို.....ငါ့သဘောကျတယ်..... "

host-" ခိ....ခိ.....ကိုကို....ကလေးကို...
ငဲ့ညှာပေးနော်.....ဟင့်.....ကလေးကကြောက်တတ်တယ်လို့ဆိုနေ "

System One O Six ( S - 2 ) Where stories live. Discover now