Arc-6.16 Zaw

36 1 0
                                    

" ဒီ....ဒီက...လူလေးနိုင်ပါတယ်.....ဆုလာဒ်ကို....ထုတ်ယူနိုင်ပါပြီ.....သူ့ကို....ခေါ်သွားလိုက် "

host-" အာ....နိုင်သွားပြီလား.....ကိုကိုဘယ်လိုနေလဲမသိဘူးနော်.....ကျွန်တော်....လက်လွန်သွားတာ.....ကိုကိုနိုးလာရင်လေ.....ကျွန်တော်က....တောင်းပန်တယ်လို့ပြောပေးနော်....ဟင့်..... "

Takizaw အဝတ်အနီနဲ့ လူတွေရဲ့ ထမ်းခေါ်သွားခြင်းခံနေရတဲ့ ကိုကိုကို ဝမ်းနည်းသလိုကြည့်ကာ စိီစဥ်သူကိုပြောလိုက်သည်။ သူ့စကားကြောင့် စီစဉ်သူဟာ အူလည်လည်ဖြင့် လက်ခံလိုက်သည်။

Arkiya-" ခေါင်းဆောင်.....Amon..... အဆင်ပြေပြီ.....လူစုံနေပြီ "

Arkiya ခေါင်းဆောင်ကြားရုံမျှတိုး၍ ပြောလိုက်သည်။

Amon-" အင်း....အစီအစဉ်စဖို့ပြင်..... "

Amon ကျေနပ်စွာ ပြုံးလိုက်ရင်း Arkiya ကို အမိန့်ပေးလိုက်သည်။ ဒီနေ့က V တွေရဲ့ အဆုံးသတ်ပဲ ။

Arkiya-" အားယိုးးးး....ဒီက....အနိုင်ရရှိသွားတဲ့..... သူလေးကို.....Arkiya က..... ဂုဏ်ပြုပါတယ်..... "

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တွင် Arkiya ရဲ့ ဒေါက်ဖိနပ်သံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ Arkiya ကို V တွေကလည်း နားမလည်သလို ကြည့်လိုက်သည်။

Arkiya-" ဒါပေမယ့်....စိတ်မကောင်းပါဘူး.....ခနနေသေရတော့မှာမို့..... "

Arkiya သူ့ကို ကျောပေးကာ ရပ်နေပြီး အနက်ရောင် ခေါင်းစွပ်စွပ်ထားသော စည်းအတွင်းမှ လူဆီ ဖြေးညှင်းစွာ လျှောက်သွားလိုက်သည်။ခနနေတော့ စီစဉ်သူဟာ သူမဘက်လှည့်ပြီး ပြောလိုက်သည်က

" မိန်းကလေး..... စိတ်မကောင်းပါဘူး....ပွဲရေက..... 20 ပါ....နောက်တစ်ခေါက်ကျ.....မိန်းကလေးဆုကို.....ရယူနိုင်မှာပါ "

စီစဉ်သူဟာ ထိုမိန်းကလေးက ဆုကို စိတ်ဝင်စားတာကြောင့် ပြောနေခြင်းလို့ မှတ်ယူလိုက်တာမို့ သူမကို ရှင်းပြလိုက်သည်။ စီစဉ်သူရဲ့ စကားပင် မဆုံးသေး V တွေရဲ့ အော်သံတွေဟာ ထွက်ပေါ်လာသည်။

" အားးးးး.....Vk တွေ..... "

ထိုအော်သံတွေရဲ့ အဆုံးမှာ ကြမ်းပြင်တွင် လဲကျနေသော V တွေရဲ့ ခန္ဓာကိုယ်များ။ နေက်ပြီး ရုံးရင်းဆန်ခက် ပြေးလွှားနေတဲ့ V များ။ ဘယ်ကမှန်းမသိတဲ့ Vk များထွက်ပေါ်လာမှုကို V တွေအတော် ထိတ်လန့်သွားရသည်။
ထိုကိစ္စတွေ အကုန်လုံးကို ခေါင်းဆောင် Amon က စီစဉ်ခဲ့ခြင်းပင်။ ပွဲကို လာနေတဲ့ V တစ်ယောက်ကို ဖမ်းစီးပြီး အကြောင်းစုံမေးမြန်းခဲ့ခြင်းပင်။ ဒါကြောင့် Arkiya တို့ V တွေကို သတ်ကာ လက်ပတ်တွေကို လုယူခဲ့ကြခြင်းပင်။ နောက်ဆုံး ဒီပွဲအတွင်းကို ရောက်လာနိုင်ခဲ့သည်။

System One O Six ( S - 2 ) Where stories live. Discover now