မာစတာရဲ့အိပ်ခန်း(အပိုင်း-2)

2.5K 23 0
                                    

မနက်ခင်းမှာ အေးတစ်ယောက် နူးညံအိစက်တဲ့ရင်ခွင်တစ်ခုမှာ နိုးထလာခဲ့တယ်။သူ့မျက်လုံးရှေ့ကလုံးဝန်းဖောင်းကားတဲ့ အရာနှစ်ခုကိုအေးလျစ်လျူရှုလိုက်တယ်။ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်များကို သူညတုန်းကတည်းကလက်ခံရရှိခဲ့ပြီးသားပင်။ဒီတခါသူဝင်ရောက်လာခဲ့တဲ့သူနာမည်က လူဆာလို့ခေါ်ပြီး ဗီလိန်အမျိူးသမီးရဲ့လိင်ဆက်ဆံဖော်လေးပေါ့

ဒီကမ္ဘာပေါ်က ရိုးရိုးကမ္ဘာတစ်ခုဖြစ်ပေမယ့် ဗီလိန်အမျိုးသမီးကတော့ရိုးစဥ်းသောသူမဟုတ်ခဲ့။သူမက သာမာရိုးကျချစ်ခြင်းမျိုးကိုသဘောမကျခဲ့ဘူး။အထူးသဖြင့် လိင်ဆက်ဆံခြင်းနဲ့ပတ်သတ်ပြီးတော့ပေါ့။မိန်းမဖြစ်လို့ ယောကျာ်းအောက်မှာနေရတယ်ဆိုတဲ့သဘာဝဖြစ်စဥ်ကို သူမကလက်မခံဘူး။မိန်းမတွေကရော ယောကျာ်းတွေကိုအောက်ပို့လို့မရဘူးလား

ဒီလိုနဲ့ ဗီလိန်အမျိုးသမီးက ချောမောခန့်ညားတဲ့ဇာတ်လိုက်အမျိုးသားဖြစ်တဲ့ မာရီယိုကိုတွေ့တော့ကြိုက်သွားပြီး သူမအောက်ကိုဆွဲသွင်းဖို့ကြံခဲ့တယ်။ထို့နောက်အကြွေးတွေနဲ့ သိမ်းပြီး သူမအောက်မှာထားခဲ့တယ်။မင်းသားက အခွင့်မသာလို့ပြန်မလုပ်ခဲ့ပေမယ့် ဗီလိန်ရဲ့ ချက်ကောင်းကိုစောင့်ခဲ့တယ်။နောက်တော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ဗီလိန်ရဲ့အတွင်းရေးမှူးလီနာနဲ့ဖောက်ပြန်ခဲ့ပြီး နောက်ဆုံးမှာတော့ဗီလိန်ကို သေဆုံးစေခဲ့တယ်။လူဆာဆိုတဲ့သူကတော့ ဗီလိန်ထက်စောစီးစွာသေဆုံးသွားရတယ်လေ။လီနာနဲ့မာရီယို ဖောက်ပြန်နေတာကို လူဆာကသိသွားတဲ့အခါမှာတော့ လူဆာကားအက်စီးဒန့်ဖြစ်အောင် နှစ်ဦးသားကြံစည်လိုက်ကြတယ်။

အေး ဇေနက်စ်ရဲ့ရင်ခွင်ထဲက ထွက်လိုက်ပြီး အိပ်ယာပေါ်ကနေ နံနက်ခင်းအလင်းရောင်ကိုကြည့်လိုက်တယ်။သူထသွားဖို့ပြင်လိုက်တော့ နိုးတာမကြာသေးတဲ့ ဇေရဲ့လက်တဖက်က သူ့ခါးကိုဖက်တွယ်လာခဲ့တယ်။

""ကျနော်...မနက်စာလုပ်မလို့""

အေး သူ့ခါးကိုဇေရဲ့လက်ကိုဆွဲခွာကာ လက်ဖမို့ကိုငုံ့နမ်းလိုက်ပြီး ပြောလိုက်တော့ ဇေကကျစ်ခနဲလုက်လိုက်တယ်။

Ae(အေး)Kde žijí příběhy. Začni objevovat