10.2.2021
"မောင် ပြန်လာပြီလား...မင့်ကို အိတ်ပေး ခြေလက်ဆေးပြီးပြန်ဆင်းခဲ့နော် ထမင်းစားဖို့ မောင့်ကိုစောင့်နေတာ"
"ကျုပ်ကိုလွှတ်စမ်း ပါတ်ခ်ဂျီမင်း! မင်းပါးစပ်ကလဲ မောင်လို့ မခေါ်နဲ့ သိပ်ရွံဖို့ကောင်းတယ်!! "
ရွံစရာကောင်းတယ်တဲ့လားမောင်ရယ်။
မင် ဘာတွေများမှားခဲ့လို့ပါလိမ့်။
ဟုတ်ပါတယ်လေ မင် တို့ကချစ်လို့ကြိုက်လို့ လက်ထက်ထားတာမှမဟုတ်တာ။ဒီတိုင်း စီးပွားရေးသက်သက်ကို မင်မေ့သွားခဲ့တယ်။ဉီးနှောက်ကလဲ ဘာလို့ဒီလောက် သုံးစားမရတာလဲ။"တောင်ပန်ပါတယ် မောင်..အဲ...ဂျောင်...ဂျောင်ကု"
"ကျုပ်နားတော့မယ်"
"အွန်း စောစောအိပ်နော်"
တရွေ့ရွေ့ထွက်ခွာသွားတဲ့ကျောပြင်လေးကို ကြည့်ကာ အမြင်အာရုံတွေဝေဝါးလာခဲ့သည်။ဒီ မျက်ရည်တွေကလည်းဘယ်အချိန်ထိဆက်ကျနေမှာလဲ။
လက်ဖမိုးနဲ့ ကျလာတဲ့မျက်ရည်တွေကိုခက်ကြမ်းကြမ်း သုတ်ပစ်လိုက်ကာ ချစ်ရသူရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အခန်းလေးထဲကို ဝင်ခဲ့လိုက်သည်။
မအိပ်ခင်လေး ပြတင်းပေါက်မှာရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ကောင်းကင်မှာကြယ်တွေစုံနေခဲ့သည်။တော်တော်ကို လှတာပဲ။
မောင်သိလား အရင်က မင် တွေးခဲ့ဖူးတယ်။မောင်နဲ့ လက်ထက်ပြီးရင် မင်တို့ သာယာတဲ့မိသားစုလေးကိုထူထောင်မယ်။ပြီးရင် မင် သိပ်ကြိုက်တယ် ကြယ်လေးတွေကို မောင်နဲ့တူတူကြည့်မယ်။မောင် မင့်ကို မချစ်ရင်တောင်အနေနီးလာရင် မင့်ကို ချစ်လာခဲ့မယ်ထင်ခဲ့တာ....ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မောင်နဲ့မင် လက်ထက်တာပဲ နှစ်နှစ်ရှိပြီ မောင် အခုထိ မင့် ကိုမုန်းနေတုန်းပဲလား။
ဘယ်အချိန်ကများ ငါတို့ မှားယွင်းခဲ့ကြတာလဲ။ခနအကြာ ကောင်ကင်ကနေကြွေလွင့်လာတဲ့ ကြယ်လေးတစ်ပွင့်။တောင်းမိတဲ့ဆုကလည်း တစ်ခုထဲပဲ။
"မောင့်ရဲ့ ဥပက္ခာ တွေကနေ ကင်းလွတ်ရပါစေ"
••••••••••••••••••
13.7.2015