"Ya!!! ထဉီး ပါတ်ခ်ဂျီမင်း ထဉီးလို့!! "
အော်သံကြီးကြောင့် ဂျီမင်းမျက်လုံးတွေပွင့်လာခဲ့သည်။မျက်လုံးစပွင့်ပွင့်ချင်း မျက်စိရှေ့က မျက်ကွင်းကိုသေချာမမြင်ရပါ။မျက်လုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်လိုက်မှ အမြင်အာရုံတွေကြည်လင်လာခဲ့သည်။
ထို့နောက်မျက်စိရှေ့ကကောင်လေးကြောင့် အိပ်ချင်နေတဲ့စိတ်တွေတောင်ကြက်ပျောက်ငှက်ပျောက်ပင်။"ဂျောင်ကု...မင်းဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေတာလဲ"
"တခါး...တခါးကဖွင့်လို့မရတော့ဘူးလို့!! "
"ဪ"
ထို့သို့ပြောပြီး လက်ပိုက်ကာ ပြန်အိပ်နေတဲ့သူကြောင့် ဂျောင်ကုဒေါသထွက်သွားသည်။
"ပါတ်ခ်ဂျီမင်း!!ခင်ဗျား လုပ်တာမလား"
"ဘာလား တံခါးကသူ့ဘာ့သူဂျက်ကျနေတာ အပြင်ကပဲဖွင့်လို့ရတာ ငါတောင်ပြန်ထွက်လို့မရလို့ အိပ်နေတာကို လူကိုစွပ်စွပ်စွဲစွဲနဲ့"
ထို့သို့ပြောလိုက်တော့ ဂျောင်ကုသည် ငြိမ်ကျသွားသည်။ညနေဆောင်းနေပြီမလို့ အခန်းက မှောင်ရိပ်သန်းနေသည်။ညရောက်ရင်တော့....တစ်ခန်းလုံးမှောင်မဲနေတော့မှာပဲ။မဖြစ်ဘူး...။
"အာ့ဆိုရင်ငါတို့က ဘယ်လိုပြန်ထွက်ရမှာလဲ"
ဇီးသီးစေ့လောက်သာ ကျန်တော့တဲ့ မျက်နှာလေးကို ဂျီမင်းကြည့်ကာ ကြိတ်ရယ်လိုက်သည်။ဒီကောင်လေးက အခုကြောက်နေတာလား။
"မပူပါနဲ့ ညကျရင်လုံခြုံရေးဉီးလေးကြီး အခန်းစစ်လိမ့်မယ် အဲ့ကျရင်ငါတို့ကိုတွေ့မှာပဲ"
ထိုသို့ပြောလိုက်တော့ ငြိမ်ကျသွားသည်။ခနကြာမှသူနှင့် ခပ်လှမ်းလှမ်းနေရာကို သွားကာ ဒူးလေးနှစ်ချောင်းကို လက်ပိုက်ပြီးထိုင်နေပုံက အသဲယားစရာ။
ဒါပေမယ့်လည်း ကိုယ်နဲ့ဝေးရာမှာသွားထိုင်တာကြောင့် စိတ်ထဲတော့ဘဝင်မကျပါ။ဘာလား လူကိုခွဲခြားခြားနဲ့။
ခနအကြာ နေလည်းဝင်သွားပြီမို့ အခန်းတစ်ခန်းလုံးသည် မှောင်မဲနေသွားသည်။နံရံက ပြတင်းပေါက်အသေးလေးကနေ ထိန်ထိန်သာနေတဲ့ လကြောင့်သာ တစ်ယောက်မျက်နှာတစ်ယောက်မြင်နေရခြင်းသာ။