ဂျီမင်းသည် ဖုန်း screen ကို အသက်မပါသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေသည်။ဖုန်းမှန်ပေါ်မှာပေါ်နေခဲ့တဲ့ စာကတော့...
"ရုပ်ရှင်းသရုပ်ဆောင် လီဆောယွန်း နိုင်ငံခြားမှ ပြန်ရောက်လာခဲ့"
ဟူသောထိပ်စီးကြီးသာ။
ခနအကြာ ဖုန်းကို နံရံဆီကို ပစ်ပေါက်လိုက်လေသည်။ခွမ်း!!
ထို့နောက် ဖုန်းမှန်ကွဲစတွေကျနေသော ကြမ်းပြင်ပေါ်ကို ခြေဖဝါးနုနုလေးတွေက ခစားလေသည်။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သွေးခြေရာတွေက ကျန်ခဲ့သည်။သို့ပေမယ့် မျက်နှာမှာကတော့ ဘာအမူအရာမှမပြခဲ့ပေ။
ထိုနောက် သွေးချင်းရဲနေတဲ့ခြေဖဝါးနုနုလေး၏ လားရာက ပန်းပင်တွေစုံနေတဲ့ ခြံကြီးဆီသို့ပဲ။ဆေးလိပ်ဘူးလေးကလည်း မပါမဖြစ်~~~
••••••••••••••••••••
"ဆောယွန်းက ကိုရီးယားပြန်ရောက်နေတာတောင်ကို့ကို မပြောဘူးနော် ကိုလာကြိုမှာပေါ့"
"တော်ပါ ရှင့်အိမ်က ရှင့်ယောင်္ကျားကိုသာ ဂရုစိုက်ပါ ဂျောင်ကု-ရှီး"
ဂျောင်ကုရဲ့ မျက်ခုံးတို့သည် ထိလုံးနီးနီး ကျုံ့သွားခဲ့သည်။
"ကို အဲ့တာတွေအကုန်ရှင်းပြမယ် ဆောယွန်း ကိုယ်တို့လက်ထက်ခဲ့တာက"
"ရှူး ဆောယွန်းသိပြီးသားမို့ ဂျောင်ကုရှင်းပြစရာမလိုပါဘူး"
လက်ညိုးလေးကို နှုတ်ခမ်းကို တေ့ကာ တိတ်တိတ်နေဆိုတဲ့ သဘောဖြင့်လုပ်လိုက်သော အမူအရာလေးသည် ချစ်စဖွယ်တိ။
"ဒါဆို ကိုတို့...."
"ကျွန်မ ရှင် ပါတ်ခ်ဂျီမင်းနဲ့ ကွာရှင်းပြီးတဲ့အထိ စောင့်ပါ့မယ် ဂျောင်ကု-ရှီး"
ဆောယွန်းရဲ့ စကားကြောင့် ဂျောင်ကုသည် သူ၏မူပိုင် ယုန်သွားလေးတွေပေါ်လာတဲ့အထိပြုံးလိုက်သည်။
ထို့နောက် ဆောယွန်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို ဆုတ်ကိုင်ကာ ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြည့်လေးကြည့်လာသည်။••• •••• •••• ••• •••• ••••
ဟင့်အင်း မဖြစ်နိုင်တာ...သူကဘာလို့ နိုင်ငံခြားကနေပြန်လာရတာလဲ။နေမယ်ဆိုလည်း တသတ်လုံးနေလိုက်ပါလား။ဘာ...ဘာလို့အခုအချိန်မှလဲ။ဘာလဲ....သူက..သူကငါ့ဆီကနေ မောင့်ကို လာလုယူတာလား။ဟင့်အင်း လုံးဝမပေးနိုင်ဘူး။ပထမအကြိမ်လည်း သူ့ဆီမှာ ရှုံးခဲ့ပြီးပြီ။ဒီတစ်ခါတော့ မောင့်ကို သူ့လက်ထဲကိုအပါမခံနိုင်ဘူး။