Chapter «2»

2.4K 344 2
                                    

Chapter <2>

( အချိန်ကြာမယ့် စစ်ပွဲတစ်ပွဲ ဖြစ်လာမယ့် ပုံပေါက် တယ်။)

စန္ဒယားမှ ဂီတသံက ပြိင်ပွဲကျင်းပရာနေရာ တစ်ခုလုံးကို ရိုက်ခတ်သွားပြီး လူတိုင်းရဲ့မျက်လုံးတွေကို စင်‌မြင့်ပေါ်က သူက ဆွဲဆောင်လိုက်တယ်။ ဒိုင်လူကြီးမင်း‌တွေတောင်မှ ဆူညံသံတိုးတိုးလေးက‌တောင် ဉာဏ်ကြီးရှင်လေးကို နှောင့်ယှက်မိသွားမှာ ‌ကြောက်လို့ အသက်ရှုအောင့်ထားလိုက်မိကြတယ်။

ထိုလူငယ်လေးက သူ့စိတ်ဝိဉာဏ်မှ ထွက်ပေါ်လာဟန်တူတဲ့ ဂီတတစ်ပိုင်းကို တီးခတ်လိုက်ကာ ထို လက် တစ်စုံကလည်း ဂီတသံနဲ့ အတူ မရပ်မနားကို ရွေ့ လျား‌နေပြီး ဂီတသံက လူတွေရဲ့ အသည်းနှလုံးကို တက်လိုက်ကျလိုက် ဖြစ်အောင် ခေါ်ဆောင် သွားနိုင်ပုံပေါ်တယ်။

အမျိုးသားရဲ့ ရွှေရောင်မျက်ဝန်းများက ထိုသူ့ ခန္ဓာကိုယ်ပေါ်မှာပဲသော့ခတ်ထားပြီး သူ့ရဲ့ အရှိန်အဝါ တစ်ခုလုံးကတောင်မှ သူ့ဂီတသံကြောင့် နူးညံ့သွားပုံပေါက် သွားတယ်။ သူဘေးမှာ ထိုင်နေတဲ့ ဘဏ္ဍာထိန်းကြီး ကတောင်မှ သူ့သခင်ကို တအံ့တဩနဲ့ကြည့်လိုက်ကာ သူ့မျက်လုံး‌ ‌တွေကို စင်ပေါ်က လူငယ်လေးဆီ ပြန်‌ပြောင်းလိုက်ပြီး သူ့နှလုံးသားထဲကနေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။

လူငယ်လေးက သူ့သီချင်းကို အဆုံးသတ်လိုက်ပြီး ဦး ညွှတ်ဖို့ မတ်တပ်ရပ်လိုက်အခါမှာတောင် ဘယ်သူမှ သူတို့မိန်းမောနေတာကနေ ပြန်သတိဝင် မလာသေးဘူး။

သူကစိတ်အနှောက်အယှက် မဖြစ်ပဲနဲ့ စင်အောက်သာ ဆင်းသွားလိုက်တယ်။သူလက်မှတ်ကို သူစင်ပေါ်မတက်ခင်ကတည်းက ကြိုတင် စရင်းသွင်းပြီးလို့ သူလုပ်ရမှာက တရုတ်ပြည်ကို ပြန်မယ့် နောက်လေယျာဉ်ကို မှီအောင် သွားဖို့ လေဆိပ်ကို ဦးတည်ဖို့ပဲလိုတယ်။

သူစင်ပေါ်ကနေ ဆင်းခဲ့ပြီးတာတောင်မှ သူဖျော်‌ဖြေပွဲခန်းမ အပြည့် အဆုံးမဲ့တဲ့ လက်ခုပ်သံတွေကို သူနားထဲမှာ ကြားနေရသေးတယ်။

ကံဆိုးချင်တော့ ရွှယ့်လင်က လက်ခုပ်သံ‌တွေနဲ့ ပတ်သတ်ပြီး နည်းနည်းမှတောင် ဂရုမစိုက်တာပဲ။ သူ့အမ နဲ့ သူ့တူကို သွားဖို့ နေရာတစ်ခုပြင်ဆင်‌ပေးဖို့အပြင် ရွှယ့်လင်သူတို့ကို အားပေးဖို့ လူကိုယ်တိုင် သွားတွေ့ဖို့လည်း လို‌သေးတယ်။သူဒီမှာ အချိန်ဆွဲနေဖို့ အချိန်မရှိဘူး။ ဒါကြောင့် ဝန်ထမ်းက သူ့ရဲ့ တံခါးကို ခေါက်ဖို့ အ‌ပြေးအလွှားလာတဲ့ အချိန်မှာ သူ့အခန်းမှာ ဘယ်သူမှ မရှိတော့ဘူး။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now