2

1.6K 196 3
                                    

Uni

“ငါတို့ သရဲခေါ်ပြီး မေးရအောင်”

ကောင်လေးတစ်ယောက်က ထပြောလေတယ်။ ကျွန်တော် မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်ပေမဲ့ သူက ဘာမှမမှုသလိုပဲ။ အင်းလေ အကုန်လုံးက လူချမ်းသာ သားသမီးတွေချည်းပဲ။ သခင်လေး သခင်မလေးတွေချည်းဆိုတော့လည်း အချင်းချင်းတော့ ဘာသက်ရောက်မှုမှ မရှိဘူးဖြစ်နေတယ် ကျစ် စိတ်ပျက်စရာ

“ကောင်းသားပဲ ဒါပေမဲ့ ငါတို့မှာ Boardပြားမရှိဘူးလေ။ သွားဝယ်ဖို့ကလည်း အဝေးကြီးပဲ ငါမစောင့်နိုင်တော့လောက်အောင် ပျင်းနေပြီ”

သခင်မလေးတစ်ယောက်က အာလူးဖုတ်လေရဲ့။ ကျွန်တော်တော့ တကယ်ကို ချဉ်တူးနေပြီ။ သရဲခေါ်ပြီး မေးမယ်တဲ့လား။ ဒီချမ်းသာတဲ့ချာတိတ်တွေက အားကြီးရယ်ရတယ်။ မစ်ရှင်အတွက်သာမဟုတ်ရင် ကျွန်တော် ဒီမှာ ဒီလိုထိုင်နေမှာမဟုတ်ဘူးလေ။ အဲ့လောက်ကြောက်ဖို့ကောင်းတဲ့ ကစားနည်းကြီးကို... အဟမ်း ဘာပဲပြောပြော တစ်ချက်မှားလိုက်ရင် သေသွားနိုင်တယ်လေ သရဲတွေကို သူတို့အဘလိုများ မှတ်နေကြတာများလား။

“ရတယ် ဂျီဂျီ အင်္ဂလိပ်အက္ခရာတွေ ရေးထားတဲ့ ကတ်ထူပြားရယ် ဖန်ခွက်ရယ်လောက်ဆိုရတယ်။ ငါ နာနီကို လုပ်ခိုင်းလိုက်မယ်”

မောက်မာတဲ့ သခင်လေးတစ်ယောက်က ထပြောပြန်ရော။ ကျွန်တော် တကယ်ကို တင်းလာပြီ။ ဒီကောင်တွေထဲမှာ ကန့်ကွက်မဲ့လူမရှိတော့ဘူးများလား။

“ဟေး ကလေးဆန်တယ်လို့မထင်ဘူးလား။ မင်းတို့ တကယ်ပဲ အဲ့တာကို ကစားမှာလား”

နောက်ဆုံး မခံမရပ်နိုင်တော့တဲ့ ကျွန်တော်ကပဲ ထပြောလိုက်ရတယ်။ သူတို့ကတော့ စီးကရက်ခဲထားတဲ့ ကျွန်တော့်ဆီတစ်ချက်ကြည့်ပြီး ပြောလာတယ်။

“ဘာလဲ နောင်တ နင်က ကလေးဆန်တယ်လို့ပြောတယ်ပေါ့။ တကယ်တော့ ကြောက်လို့မဟုတ်လား”

“နောင်တက ကြောက်နေတာနေမှာ ခစ်ခစ်”

“ကြောက်ရင်လည်း ဝင်မပါစမ်းပါနဲ့ နောင်တရာ ရှုး ဝေးဝေးသွား။ စီးကရက်သောက်မနေနဲ့ နို့ဘူးပဲပြောင်းသောက်လိုက်”

The Host Meets Devil (Completed)Onde histórias criam vida. Descubra agora