3;My Little Husband

2.5K 221 91
                                    

Unicode & Zawgyi

Unicode

"ကူးရေ.....ကူး"

လက်ထဲဆွဲလာတဲ့အနက်ရောင်သားရေအိတ်ကိုဆိုဖာပေါ်တင်ကာအမောပြေလေးရဲ့နာမည်ကိုအော်ခေါ်နေသော်လည်းပြန်ဖြေမလာတဲ့ရင်နှစ်သည်းချာလေးဟာဘယ်ကိုများခရီးလွန်နေပါလိမ့်။မီးဖိုချောင်ထဲများရှိလေမလားမျှော်လင့်ချက်နဲ့သွားကြည့်သော်လည်းတိတ်ဆိတ်နေသောမီးဖိုချောင်လေးသည်ဆော့ဂျင်အားလှောင်ပြောင်နေဟန်။ဒါကြောင့်ရေခဲသေတ္တာထဲကရေတစ်ဘူးကိုထုတ်ခဲ့လိုက်ကာkitchen counterပေါ်ကဖန်ခွက်ထဲထည့်သောက်လိုက်သည်။တကယ်ဆိုမျှော်နေသူလေးရဲ့မျက်နှာကိုမြင်လိုက်ရင်ပိုအမောပြေမယ်ဆိုပေမယ့်အသံတောင်မကြားရတဲ့ချစ်ရသူကြောင့်ရေခဲရေထုတ်သော​က်နေရတာဖြစ်သည်။ရေသောက်ပြီးတာနဲ့အိမ်အပေါ်ထပ်အိပ်ခန်းဆီတက်သွားလိုက်ပြီးကုတ်အင်္ကျီကိုချွတ်ကာ​ဗီရိုထဲတွင်ချိတ်ထားလိုက်ပြီးရှပ်အင်္ကျီနဲ့နက်ခ်တိုင်တို့ကိုလျှော်ရမည့်အဝတ်ခြင်းထဲထည့်ထားလို​က်သည်။ထို့နောက်ဗီရိုအပေါ်ဆုံးစင်ပေါ်မှာတင်ထားတဲ့တပတ်တစ်ထည်လက်ကကိုင်ကာရေချိုးခန်းထဲဝင်သွားလိုက်သည်။

ဒီနေ့တစ်နေ့လုံးကလည်းစိတ်ရှုပ်စရာတွေချည်းပင်။ဉက္ကဌကြီးရဲ့နိုင်ငံခြားကပြန်လာသောသားတော်မောင်CEOအသစ်ချက်ချွတ်ရဲ့ကြိုဆိုပွဲလုပ်ရတာနဲ့တင်လူလည်းဟောဟဲစိုက်နေသည်။မာကတ်တင်းမန်နေဂျာဖြစ်တဲ့သူ့အားပွဲအတွက်တာဝန်ယူပေးပါဆိုပြီးဉက္ကဌကြီးကိုယ်တိုင်တောင်းဆိုလာတော့ဆော့ဂျင်မှာမငြင်းသာ။ကူညီပေးကြတဲ့မာကတ်တင်းဌာနတစ်ခုလုံးကိုလည်းဂုဏ်ပြုသည့်အနေဖြင်စားပွဲကျင်းပရန်ပိုက်ဆံထုတ်ပေးထားသော်လည်းဆော့ဂျင်ကတော့အကြီးအကဲတစ်ယောက်ကိုပိုက်ဆံလွှဲလိုက်ကာအိမ်တန်းပြန်လာတာဖြစ်သည်။အလုပ်ဆင်းလို့ဘယ်လောက်ပဲပင်ပန်းလာပါစေ။ဆော့ဂျင်ကအပြင်မှာအရက်မသောက်တတ်။လုံးလုံးမသောက်တတ်တာမဟုတ်ပေမယ့်အပြင်မှာအရက်မသောက်ရဘူးဆိုတဲ့တစ်ချက်လွှတ်အမိန့်တော်လေးကြောင့်မသောက်ဖြစ်တာဆိုပိုမှန်လိမ့်မည်။ဒါကြောင့်ဆော့ဂျင်ဟာအလုပ်နဲ့ပတ်သတ်တဲ့စားပွဲတွေဆိုဘယ်တော့မှမလိုက်။မဖြစ်မနေမို့လို​က်ရပြီဆိုလျှင်လည်းဘယ်တော့မှမသောက်။ဒါကြောင့်လက်အောက်ငယ်သားတွေဟာသူတို့ရဲ့မန်နေဂျာကိုမ​သောက်တတ်မစားတတ်လေးလို့ထင်နေတာအဆန်းတော့မဟုတ်။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now