9:The Sea

792 118 39
                                    

Unicode & Zawgyi

Unicode

"အပေါ်ထပ်မှာစာသင်ပေးမယ့်ဆရာရောက်နေတယ်"

အပြင်ကနေပြန်ပြန်လာချင်း အသိပေးသလိုပြောလာတဲ့အဖေဖြစ်သူရဲ့စကားကို ပုခုံးတွန့်ရုံလောက်သာတုံ့​ပြန်လိုက်ပြီး အပေါ်ထပ်အခန်းရှိရာကို ခြေသံခပ်ပြင်းပြင်းဖြင့်နင်းတက်ခဲ့လိုက်သည်။မနေ့ညကသူငယ်ချင်းတွေနဲ့ကဲရင်း အရှိန်ပါသွားတာမို့အိမ်တောင်ပြန်မအိပ်နိုင်ခဲ့။မနက်မိုးလင်းတော့လည်းမထနိုင်တာနဲ့ပေါင်းပြီးညနေစောင်းမှသာအိမ်ပြန်လာဖြစ်သော်လည်း အဖေဖြစ်သူရဲ့စကားက ကိုက်နေတဲ့ခေါင်းကိုဆယ်ပေါင်တူနဲ့ထပ်ထုနေသလိုပင်။ဒါကြောင့်bloneဆိုးထားတဲ့အလယ်ခွဲဆံပင်တွေကိုလက်နဲ့ထိုးသပ်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ဆရာရောက်နေတယ်ဆိုတာကိုကြားကြားချင်း အသက်ကြီးကြီးနဲ့ဘိုးတော်ကြီးတွေကိုမျက်လုံးထဲမြင်ယောင်လိုက်ပေမယ့် အခုစာကြည့်စားပွဲမှာထိုင်နေတဲ့လူကတော့မဟုတ်ပေ။သက်လတ်ပိုင်းလောက်ပဲရှိဉီးမယ့်ထိုအမျိုးသားဟာ လူပုံကခပ်ပါးပါးပင်။လေးထောင့်မကျ၊အဝိုင်းမကျတဲ့မျက်မှန်အနက်ရောင်ကိုတပ်ထားပြီး ဆံပင်တွေကိုလည်းနဖူးပေါ်သပ်သပ်ရပ်ရပ်သိမ်းတင်ထားတာမို့ ချောမောတဲ့မျက်နှာလေးဟာအထင်းသား။အဝါနုရောင်တီရှပ်လက်ရှည်ကို ဂျင်းဘောင်းဘီအဖြူရောင်နဲ့တွဲဝတ်ထားပြီး ခါးပတ်အဖြူလေးပါတပ်ထားသေးတာမို့ ခါးသိမ်သိမ်လေးဟာလည်းအထင်းသား။ငွေကြေးချမ်းသာသည့်အပြင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဆော့ဂျင်ရဲ့နံဘေးမှာ ချောလှပါချည်ရဲ့ဆိုတဲ့မိန်းကလေးတွေ၊ ယောင်္ကျားလေးတွေအများစုကိုတွေ့ဖူးကြုံဖူးပေမယ့် ဒီတစ်ယောက်ကတော့ကွဲပြားသည်။ယောင်္ကျားဆန်စွာသိမ်မွေ့တဲ့ခံစားချက်တစ်ခုက ဆော့ဂျင်နှလုံးသားကိုအနည်းငယ်လှုပ်ခတ်သွားစေသည်ဆိုတာကိုတော့ ငြင်းမရ။သို့သော် အဖေစိတ်ဆင်းရဲရေးဒို့အရေးဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဆော့ဂျင်အတွက်ကတော့ ဒီလိုချောချောလှလှဆရာလေးကိုစိတ်ညစ်အောင်လုပ်ရမှာ နည်းနည်းတော့သနားမိသလိုလိုရှိပါသည်။

Ko Ko's Koo||Kim Jungkook One shot collection||Where stories live. Discover now