2021 June 9
"အဖွဲ့မှုး ဒီမှာအလောင်းတစ်လောင်းထပ်တွေ့ထားပါတယ်"
"အဲ့အပေါ်ကကာထားတာအကာကိုဖယ်လိုက်"
အဖွဲ့ထဲကကောင်လေးသည် ကာထားတဲ့အကာကို ဖယ်လိုက်တဲ့အခါ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးပုပ်ပွနေတဲ့ အလောင်းရယ် ထိုအလောင်းရဲ့ဦးခေါင်းပေါ်တွက် ကြယ်ပုံစံထွင်းထားသည့်အမှတ်အသားရယ် ရှိနေသည်
"ဟင်း နံ့စော်နေတာဘဲ ဘယ်နေ့တည်းကသတ်ထားတာလဲမသိဘူး"
"ဟမ် အဖွဲ့မှုးကြည့်ပါအုန်း ဟိုနေ့တွေကအလောင်းတွေထဲမှာလည်းခေါင်းပေါ်မှာကြယ်ပုံစံအမှတ်အသားရှိတယ်"
"ဒါဆိုကွင်းဆက်လူသတ်သမားထင်တယ် အဖွဲ့မှုးကျွန်တော်တို့ဒီအလောင်းကိုဘယ်လိုလုပ်မလဲ"
"ဓာတ်ပုံရိုက်သွားပြီးဒီတိုင်းထားခဲ့မှရမယ် ငါတို့သဘောအတိုင်းလုပ်လို့မရဘူး ရုံးချုပ်ကို ပုံနှင့်တကွ သွားတင်ပြီးမှဒီအလောင်းကိုလုပ်လို့ရမယ် အလောင်းကိုပြန်ကာပြီး ဒီနေရာကိုချိတ်ပိတ်ခဲ့လိုက် ဓာတ်ပုံရိုက်ပြီးရင်သွားရအောင် "
"ဟုတ် အဖွဲ့မှုး"
ထိုအဖွဲ့သည် အလောင်းရှိတဲ့နေရာမှထွက်လာခဲ့သည်
.
.
.ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
"အော်ဟျောင်းဘာဖြစ်လို့လဲဟင်"
"ထယ်ဟျောင်း အခုနကဘယ်သွားတာလဲ"
"မနက်က တောထဲမှာအလောင်းတစ်လောင်းတွေ့တယ်ဆိုလို့လေ ဟူး တစ်နေ့တစ်နေ့ပင်ပန်းလိုက်တာ လူသတ်သမားတွေကလည်းသတ်နိုင်လွန်းတယ်"
"အေးကွာ ထယ်ဟျောင်းရယ် မင်းကအဖွဲ့မှုးဆိုတော့ပိုပင်ပန်းနေမှာပေါ့ အခုရက်ပိုင်းကောအဆင်ပြေရဲ့လား ဘယ်လိုလူသတ်မှုလည်း"
"မပြေပါဘူး ဟျောင်းရယ် ကွင်းဆက်လူသတ်တာဘဲထင်တယ် ပြီးတော့အခုနောက်ပိုင်းအလောင်းတွေအပေါ်မှာလည်း ကြယ်အမှတ်အသားတွေဘဲ လူသတ်သမားကအရမ်းတိကြတာ သဲလွန်စသေးသေးလေးတောင် မချန်ခဲ့ဘူး"
"ထယ်ဟျောင်းလို ညဏ်ကောင်းတဲ့သူက မရှာနိုင်ရင် အဲ့လူသတ်သမားကတော်တော် တော်တာဘဲ"
"ဟျောင်းရယ် ကျွန်တော်ကညဏ်မကောင်းပါဘူး ဟျောင်းကမှတော်တာကို ဘာလို့အနားယူသွားတာလဲ အခုတော့ကျွန်တော်တစ်ယောက်တည်းဖြစ်နေပြီ"
"ဟျောင်းက30 ကျော်နေပြီဆိုတော့နားချိန်တန်ပြီလေ ထယ်ဟျောင်းရဲ့"
"ဟျောင်းကလည်း ငယ်ပါသေးတယ်"
" ဟဟ ဒါနဲ့ ဟျောင်းပြောမယ် ဟျောင်း2019 လောက်တုန်းကလည်းအဲ့လိုအလောင်းတွေ့ဖူးတယ် ကြယ်အမှတ်အသားနဲ့ဘဲ ဒါမဲ့အဲ့အမှုကို ဟျောင်းမကိုင်တော့လို့မသိဘူးဖြစ်နေတာ တစ်ခြားတစ်ယောက်ကိုလွှဲလိုက်တယ် အဲ့တစ်ယောက်ကလည်းဖမ်းမိခံနီးမှာသေသွားတယ်တဲ့ ဒါမဲ့သူ့မိသားစုတွေတော့သိလိမ့်မယ် ထယ်ဟျောင်း "
"သူတို့လိပ်စာကိုကောသိလား"
"မသိတော့ဘူး သူတို့မိသားစုကခြေရာဖျောက်သွားတာ သားလေးတစ်ယောက်တော့ရှိတယ် သားလေးနာမည်က ဂျွန်ဂျင်ယောင်းထင်တယ် "
ဘုံး
"အဖွဲ့မှုး အဖွဲ့မှုး မနက်ကအလောင်းရဲ့ သံသယရှိသူကိုတွေ့တယ် ရုံးချုပ်ကအခုလာခဲ့ပါတဲ့"
"အေး အေး လာပြီ"
"ဟျောင်းသွားပြီနော် မနက်ဖြန်မှစကားဆက်ပြောမယ်နော်"
"အေး ထယ်ဟျောင်းသွားတော့"
ထယ်ဟျောင်းဆိုတဲ့ကောင်လေးသည် သံသယ ဆိုတဲ့သူကိုသွားမေးရန် ထွက်သွားကြသည်
Intro နားဘဲရှိသေးလို့တိုသွားတာပါ
562 words ^^