အမှု့စစ်ရုံးတွင်
"အဖွဲ့မှုး ဒီအခန်းထဲမှာပါ သံသဃ ရှိသူက"
"သူ့ကိုဘာဖြစ်လို့ သံသဃရှိသူ အဖြစ်ခေါ်လာရတာလဲ"
" အလောင်းဖြစ်ခဲ့တဲ့နေရာမှာ ကျွန်တော်တို့မရောက်ခင် အလိုတည်းကကြိုရှိနေပြီး အလောင်းကို အကာနဲ့ အုပ်နေတာ cctv ကနေတွေ့ရပါတယ် အဖွဲ့မှုး ပြီးတော့ အဲ့အလောင်းက အစက ဘာအကာမှမပါဘဲ သူအုပ်ထားတာပါ "
"အေး အေး သွားမေးဖို့ ငါဝင်သွားလိုက်အုန်းမယ်"
"ဟုတ်"
ထယ်ယောင်းသည် အမှု့စစ် အခန်းထဲဝင်သွားပြီး သံသဃရှိသူအရှေ့တွင်ထိုင်လိုက်သည်
"ကဲ လူသတ်ရတာပျော်ဖို့ကောင်းတယ်မလား ဒါနဲ့ ပြောပါအုန်း လူသတ်ရတာဘယ်လိုခံစားချက်ရလဲဆိုတာ"
"ဆရာ ကျွန်တော်သတ်ကတာမဟုတ်ပါဘူး ဒီတိုင်း ဖြတ်သွားရင်းနဲ့ တွေ့လိုက် လူမေ့လဲနေတာထင်လို့ သွားကြည့်မိတာပါ"
"အော်ဟုတ်လား?"
"ဟုတ် ဆရာ ကျွန်တော်ကိုယုံပေးပါ"
"ဒါနဲ့ ဘာလို့ မင်း အဲ့အပေါ်မှာ အကာကို ကာပေးရတာလဲ?"
"အဲ့ .. အဲ့တာက ကျွန် .. တော် ဟို အာ လူတွေတွေ့ရင် လန့်သွားမှာစိုးလို့ ကာခဲ့တာပါ ဆရာ"
"အော် ဟုတ်ပါပြီ ဒါနဲ့ ဒီအခန်းက အမှု့စစ်တဲ့ အခန်းဆိုတာသိတယ်မလား? ပြီးတော့ငါက အတော်ဆုံး စုံထောက် ဒီအမှုကို တာဝန်ယူထားတဲ့သူဆိုတာသိတယ်မလား? "
"ဟုတ် သိပါတယ်"
" အဲ့တာကို ဘယ်သူ့ကိုလာလိမ်နေတာလဲ လူသတ်ရတာတော့ကြိုက်ပြီး လိမ်တာတော့ညံ့လိုက်တာ "
"မင်း အခုချက်ချင်း ပြောစမ်းပါ မင်းဒီလူကို သတ်လိုက်တာမဟုတ်ဘူးဆိုရင်တောင် ကြံရာပါလား? ဒါနဲ့ မင်းမသိလို့ထင်ပါရဲ့ ငါတို့က အမှု့ သံသဃ ရှိသူတွေ တွေ့ရင် လုံးဝပြန်မလွှတ်ပေးဘဲ သူရဲ့ သမီး မိန်းမ ဆွေမျိုး တွေအကုန်ကို ပါ ထောင်ထဲထည့်တယ်နော် သူဖွင့်မပြောမချင်း"
" ဆရာ တောင်းပန်ပါတယ် ကျွန်တော့ ကလေးတွေကိုတော့မလုပ်ပါနဲ့ ပြောဆိုပြောပါ့မယ် ပိုက်ဆံများများရလို့ လုပ်ခဲ့ယုံပါ "