Part[7]

220 16 1
                                    

(Unicode)

(သင်္ကြန်အကြတ်နေ့)

တီရှပ်အပြာပေါ်မှာအနွေးထည်မီးခိုးရောင်ကိုထပ်ဝတ်လိုက်သည်။ဂျင်းဘောင်းဘီအပြာဖျော့က သူ့ခါးနဲ့ကွက်တိဖြစ်နေပေမယ့် ရေစိုရင်ချောင်ကျလာမှာသေချာသလောက်ဖြစ်နေတာမို့ ခါးပတ်အနက်ရောင်နဲ့တွဲဝတ်လိုက်သည်။နေ့တိုင်းနီးပါးရေစိုနေတာကြောင့် ဖွာလန်နေတဲ့ဆံပင်တွေကိုနှဖူးပေါ်ဒီအတိုင်းသာချထားလိုက်ရသည်။ဒီနေ့လည်းရေစိုဦးမှာပဲဟာ။ထို့နောက် အဆာခံအောင် မနက်စာအနေနဲ့ကော်ဖီတစ်ခွက် ကိတ်မုန့်တစ်လုံးထိုင်စားနေလိုက်သည်။

အလုပ်တွေဇယ်ဆက်သလိုလုပ်နေပေမယ့် ထိုက်တန် ရဲ့မျက်နှာကတည်ကြည်လေးနက်နေပြီး တစ်စုံတစ်ရာကိုသေသေချာချာတွေးနေပုံပေါ်လေသည်။

လက်ကျန်ကော်ဖီတစ်ငုံကိုမော့သောက်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိသည်။ဘယ်တော့မှအတွေးမများတက်တဲ့သူက အခုတော့ကိစ္စတစ်ခုကိုလုပ်ရန် သင့်မတင့်ဆိုတဲ့အတွေးတွေများနေရလေသည်။ထိုကိစ္စကတခြားတော့မဟုတ် ကလေးလေးနဲ့ပတ်သတ်တဲ့ကိစ္စပင်။ထိုက်တန် ကလေးလေးကိုချစ်ကြောင်းကြိုက်ကြောင်းဖွင့်ပြောလိုက်ချင်လေပြီ။မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ကလေးကိုသူပိုင်ဆိုင်တယ်ဆိုတဲ့ အတွေးနဲ့နေ့ရက်တွေကိုဖြတ်သန်းချင်သည်။ကလေးနဲ့အတူတူနိုးထပြီး ကလေးနဲ့အတူတူသာမှေးစက်ချင်တော့သည်။ရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး အချစ်စကားတွေတဝကြီးထိုင်ပြောချင်သည်။ဘဝရဲ့အချိုးအကွေ့လမ်းတွေကို ကလေးရဲ့လက်ကလေးအားတွဲပြီး ခရီးအဆုံးထိလျှောက်လှမ်းချင်ပါသည်။

"နွေတန်ခူး!"

"တောက်!"ပြန်ကြားယောင်မိတဲ့အသံကြောင့် တောက်ပြင်းပြင်းတစ်ချက်ခေါက်လိုက်မိသည်။

ကလေးရဲ့နာမည်ကိုကြမ်းကြမ်းတမ်းတမ်းခေါ်တာလည်း မကြိုက်သလို ခေါ်သံကြောင့်ရပ်တန့်သွားတဲ့ ကလေးရဲ့ခြေလှမ်းတွေရော သူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်နေတဲ့ကလေးရဲ့ပုံစံကိုရော ဘာဆိုဘာမှ ထိုက်တန် မကြိုက်ပေ။ကလေးကသူ့ရဲ့ရှင်ဘုရင်လေးမို့ အမိန့်ပေးတဲ့လူက ကလေးသာဖြစ်ရမည်။ကလေးကအမိန့်ပေးခံရတဲ့လူမဖြစ်ရပါ။ထိုက်တန် လုံးဝလိုက်မခံနိုင်။ထို့ကြောင့် ကလေးကိုသူဖွင့်ပြောမည်။ကလေးကိုဘုရင်တစ်ပါးလို လိုအပ်ချက်မရှိ ထိုက်တန် ထားမည်။ဒါက ထိုက်တန် ရဲ့အကြီးမားဆုံးဆန္ဒပင်ဖြစ်သည်။

နွေနှင့်ထိုက်တန်သော💛 နွေနှင့်ထိုက်တန်သော (COMPLETE)حيث تعيش القصص. اكتشف الآن