I met You but only Me

667 90 36
                                    

တိတ်ဆိတ်နေခဲ့သောခင်ဗျားရဲ့ ဖုန်းကိုသာအာရုံစိုက်ထားသောမျက်လုံးတွေက သိပ်လှတယ်။ လှစ်ခနဲနှုတ်ခမ်းပါးကပြုံးခဲ့ချိန်မှာ ကျွန်တော်တစ်ခဏတာ ရပ်တန့်ခဲ့ရပါတယ်။

// Rhythm of You //

"အေးပါ ဂျီမင်းရဲ့ ငါဘာမှမဖြစ်ဘူး ခဏစာကြည့်တိုက်ဝင်ပြီးရင် အိမ်ပြန်တော့မှာ မင်းသာအန်တီ့ကိုကောင်းကောင်းသာဂရုစိုက်လိုက် အေး အေး မနက်ဖြန်မှတွေ့မယ်"

‌ထယ်ယောင်း‌ဒီနေ့နေ့လည်ခင်းအတန်းမရှိတာကြောင့် မနက်အတန်းပြီးချင်းတင်ခပ်စောစောထွက်လာခဲ့သည်။ ဂျီမင်းကလည်း သူ့မေမေနေမကောင်းဘူးလို့အိမ်ကဖုန်းဆက်လာတာကြောင့် ပြေးလေပြီ။ တစ်နေ့တစ်နေ့ များသောအားဖြင့်ပုံမှန်လိုအမြဲပြည့်နေတဲ့အတန်းချိန်တွေက ဒီနေ့မရှိတာကြောင့် လူကယောင်လည်လည်ဖြစ်ချင်နေသည်။

"ကိုယောင်း"

စာကြည့်တိုက်ဆီအသွား လမ်းမှာမထင်မှတ်တွေ့ပြန်တဲ့ ကျွန်တော့်ရဲ့အပြာရောင်မျက်ဝန်းပိုင်ရှင် ကပြားမလေး။ ယဉ်ယဉ်လေးဝတ်တတ်တဲ့သူမက ဒီနေ့လည်းအပြာရောင်ဂါဝန်ရှည်လေးဝတ်ထားပြန်သည်။

"မင်းပဲ"

"ကျွန်မကိုမှတ်မိသားပဲ"

သိမ်သိမ်မွေ့မွေ့အပြုံးတစ်ခုအား သူမဖန်ဆင်းပေး၏။ သိပ်မရယ်တာတောင် ဒီလောက်လှတာ။ ရယ်များရယ်လိုက်ရင်ပါးဖောင်းဖောင်းလေးတွေမှာ ပါးမို့လေးတွေတက်လာလေဦးမလား ထယ်ယောင်းရင်ဖိုမိသည်။

"အင်း ကျွန်တော်မှတ်မိပါတယ်"

"ဟိုနေ့ကအတွက်အများကြီးကျေးဇူးတင်ပါတယ်"

"ရပါတယ်ဗျ ဒါကစာမဖွဲ့လောက်ပါဘူး"

"ကျေးဇူးတင်ပါတယ်ရှင့် ဒါဆိုကျွန်မကိုခွင့်ပြုပါဦး စာလေးရှာစရာရှိသေးလို့"

ခေါင်းငုံကာနှုတ်ဆက်သွားချိန် ဆံနွယ်ရှည်များချည်နှောင်ထားသော အပြာရောင်ဖဲကြိုးလေး လေမှာဝဲလွင့်သွားသည်။ ကျောခိုင်းသွားသည့်အချိန်၌မြင်ရသည့်သူမကျောပြင်သေး‌သေးလေးကို ကျွန်တော်မထွေးပွေ့ချင်ဘူးဆို ကျွန်တော့်နှလုံးသားကိုလိမ်ရာကျရချည်ရဲ့။

Rhythm of You 𐤀 [Completed]Where stories live. Discover now