Question Time

383 47 52
                                    

Rhythm of Youလေးလည်းတစ်ဝက်လောက်ဖြစ်နေပြီ။ ကဲ ဒါဆိုအခုက ဖတ်ရတာဘယ်လိုနေလဲ အမြင်လေးတွေဝေမျှပေးရမဲ့အချိန်ရောက်ပြီပေါ့။

ကိုယ့်အနေနဲ့ကတော့ ဒါလေးကပထမဆုံးကိုင်တဲ့Dramaလေးဆိုတော့ ခက်ခဲမယ်လို့ထင်ခဲ့ပေမဲ့ ရေးရတာအဆင်ပြေခဲ့ပါတယ်။ အရမ်းကြီးstressမရှိပဲ ကိုယ်လိုချင်တာကိုပုံဖော်နိုင်တယ်လို့ထင်ပါတယ်။ ကြောက်တော့ကြောက်တာပေါ့နော်။ ဘာလို့လဲဆိုကိုယ်ကအဲ့လိုမျိုးမရဘူးလေ။ ဒါပေမဲ့အကောင်းဆုံးလုပ်နေတယ်လို့တော့ထင်ပါတယ်။ ဒါကတော့ စာရေးတဲ့အပိုင်းလေးပေါ့။

အခုကတော့ဇာတ်လမ်းအပေါ်မှာ စာဖတ်သူတစ်ယောက်အနေနဲ့ ကိုယ့်အမြင်ကတော့လေ ထယ်လေးက ဂျောင်ကုကိုမချစ်ဘူးလားမသိဘူး။ ဂျောင်ကုလေးအပေါ်သူဆက်ဆံတာ အေးစက်လွန်းတယ်လို့မြင်မိတယ်။ ဘာစကားမှမပြောခဲ့တဲ့အခန်းတွေ ၊ စိုက်ကြည့်ပြီးထွက်သွားတာတွေ အဲ့တာတွေကိုမြင်ရတာ ထယ်လေးကိုနားမလည်နိုင်ဘူး။ ဆောင်းအွန်းမီအပေါ်မှာကျအဲ့လိုမဟုတ်ဘူးလေ။ ကိုယ်တော့ထယ်လေးအဲ့လိုဖြစ်ရတာ နောက်ကွယ်ကတစ်ခုခုတော့ရှိမယ်ထင်တယ်။ ဟုတ်ရင်လည်းဟုတ်မယ် မဟုတ်ရင်လည်းမဟုတ်ဘူးပေါ့။ စာရေးသူဆက်ဖော်ပြမှပဲ ကိုယ်တို့သိရမှာပဲ။

ဂျောင်ကုကျတော့ ငယ်ငယ်ကတည်းကမွေးရာပါရောဂါရှိလာခဲ့တဲ့အချိန်မှာ ကြီးတဲ့အထိတစ်ယောက်တည်းနီးပါးရှင်သန်ခဲ့တာမို့ ထယ်ယောင်းကိုမြင်မြင်ချင်းချစ်ခဲ့တာဖြစ်မယ်လို့ထင်တယ်။ တကယ်တော့လေ အဲ့မှာစိတ်ထင့်တာက ကလေးကအထီးကျန်ခဲ့တော့ ခင်တွယ်တာကိုချစ်တယ်ဆိုတာနဲ့အထင်မှားတာများလား။ အဲ့လိုအတွေးမျိုးဝင်မိတယ်။

နောက်ဆုံးတော့ရင်ပူရပါတယ်။ ထယ်ယောင်းက အဲ့ကောင်လေးကဂျောင်ကုမှန်းသိတော့ လက်ခံလိုက်ပေမဲ့ ဘာဖြစ်လို့အဲ့လိုရုတ်တရက်ဖြစ်ခဲ့တာလဲ? ရောဂါရှိနေမှန်းသိသွားလို့ စိတ်ချမ်းသာစေချင်လို့ သူမချစ်တာတောင်မှ သနားခဲ့ပြီးလက်ခံလိုက်တာလား?ဒါမှမဟုတ် ဂျောင်ကုကိုတကယ်သနားချစ်ချစ်သွားတာကို သူကိုယ်တိုင်မသိသေးတာလား? ဆောင်းအွန်းမီနဲ့ထယ်လေးကဘာမှတော့မဖြစ်သေးပေမဲ့ ထယ်ကကြိုက်နေခဲ့တာလို့လည်းထင်တယ်။ ဟိုဘက်ကကောင်မလေးကလည်း သဘောကျတယ်လို့ထင်တယ်။ ဒါပေမဲ့တစ်ဖက်မှာလည်းထယ်ယောင်းက ဂျောင်ကုကိုလက်ခံလိုက်ပြီလေ။ ဒါဆိုဘာတွေဆက်ဖြစ်ကြမှာလဲ။ ဟူး တွေးရတာမေးခွန်းတွေများသားနော်။

Rhythm of You 𐤀 [Completed]Where stories live. Discover now