2022~~
Japan/Tokyo City-အချိန်တွေကဘာလိုလိုနဲ့ တစ်နှစ်ကုန်ပြန်ပြီ။ 2022နှစ်စမှာ ငါကတော့ မှုခင်းသင်တန်းကျောင်းမှာ ဒုတိယနှစ်ပေါ့.....။ နောက်နှစ်ရောက်ရင် ငါကျောင်းပြီးပြီ။ ဒါဆိုငါ Koreaကိုပြန်နိုင်တော့မှာဘဲ။ -
.
.
.
Korea/Seoul City-ငါစုံထောက်တစ်ယောက်ဖြစ်လာဖို့ဘယ်လောက်မှမလိုတော့ဘူး။ အတန်းတွေပြီးလို့ လက်တွေ့သင်တန်းဆင်းပြီးရင် ငါစခန်းတွေမှာ တာဝန်ပေးခံရပြီ။ မင်းကိုငါကူညီနိုင်တော့မှာဘဲ။ -
.
.
.
4 months later.....Huening Kai- စုံထောက်choi
Soobin- "ရဲဝန်ထမ်းkai"
Taehyun/beomgyu- မင်းတို့တွေလူဖြစ်လာပြီဘဲ။ "
Soobin- မင်းတို့ကရော။
Taehyun- မင်းရဲ့ နေရာကိုလုပြီး မှုခင်းဆေးဘက်ဆိုင်ရာဆရာဝန်လောင်းဖြစ်နေပြီလေ။ "
Beomgyu- "ငါကတော့ ဆရာဝန်လောင်းရဲ့ သတို့သားပေါ့။ ဟီး "
Taehyun- "Choi Yeonjunကရော ဘာပြောသေးလည်း"
Soobin- ဘာမှမပြောပါဘူး။ ငါတို့သင်တန်းပြီးပြီဆိုတာတောင်သိရဲ့လားဘဲ။
Beomgyu- မှုခင်းရေးရာကျောင်းကို ဆက်တက်လိုက်တာကိုး။ မင်းသာ ကျောင်းမတက်ဘဲ မှုခင်းစာမေးပွဲဖြေပြီး စုံထောက်ဖြစ်နေတာသာ ဦးလေးသိရင် ကောင်းကင်ကနေ သွေးတက်နေမယ်။
Huening Kai- ဟားဟားဟား...ဟုတ်ပကွာ။
Soobin- ရီမနေနဲ့။ မင်းဆရာ စုံထောက်minသာသိရင်လည်း သွေးတင်မဟုတ် ဆီးချိုပါတက်မယ်။
Huening Kai- ဆရာ့အကြောင်းမပြောကြပါနဲ့ကွာ။ ငါသတိရလာပြီ....ဗြဲ.....
Soobin- ပေါတောတောနဲ့....
-သူတို့အကုန်လုံး kaiကိုကြည့်ပြီးရီလိုက်ကြသည်။ kaiကတော့ မျက်စောင်းတစ်ခဲခဲဖြင့်။ -
-ဟုတ်ပါတယ်။ သူတို့အကုန်လုံးအထက်တန်းပြီးလို့ တက္ကသိုလ်ဝင်တဲ့အခါမှာ Yeonjunက japanကိုထွက်သွားပြီး soobinတို့က မှုခင်းရေးရာကျောင်းကိုတက်ပြီး taehyunကတော့ ဆေးဘက်ဆိုင်ရာဆရာဝန်ဖြစ်ဖို့လုပ်နေခဲ့ပါတယ်။ beomgyuကတော့ သာမန်လေးနှစ်တက်ရတဲ့ တက္ကသိုလ်ကိုသာတက်ခဲ့ပြီး ယခု2022မှာတော့ တတိယနှစ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေလေပြီ။ -
.
.
.
Tokyo~~