Episode (2)

2.1K 157 0
                                    

Yeol အတွက်​​တော့ တစ်​ရက်​ တစ်​ရက်​ ဆိုတာဟာ မ​နေ့တုန်းက အတိုင်းပဲ ဘာမှ ​ပြောင်းလဲသွားတာ မရှိပါဘူး.... အဲ့ဒီ​တော့ ဒီ​နေ့လဲ မ​နေ့က အတိုင်းပဲ မနက်​ ထ​နေကျ အချိန်​ထ ​ရေမိုးချိုး ပြင်​ဆင်​လွယ်​အိတ်​​ကောက်​လွယ်​ကာ ​ကျောင်းသွား​ဖို့အတွက်​ ​အောက်​ဆင်းလာခဲ့​လေသည်​.....

အောက်​​ရောက်​​တော့ Ajuma က "Yeol ​လေး​တောင်​ ​ကျောင်းသွား​တော့မလို့ကို မနက်​စာ စားသွားမလား Ajuma ပြင်​လိုက်​မယ်​​လေ"

"​တော်​ပီ Ajuma မစား​တော့ဘူး သွား​တော့မယ်​... Ajuma ကလဲ ကျွန်​​တော်​ စား​နေကျ မဟုတ်​မှန်းလဲ သိရက်​သားနဲ့ ​မေး​နေ​သေးတယ်​"

"သိ​တော့ သိတာ​ပေါ့ သားရယ်​ ဒါ​ပေမဲ့ သားတို့ စားသည်​ဖြစ်​​စေ မစားသည်​ဖြစ်​​စေ ​မေးရမှာ Ajuma ရဲ့ တာဝန်​ပဲ​လေ Ajuma က ဒီအိမ်​မှာ အလုပ်​လာလုပ်​တာဆို​တော့ Ajuma ရဲ့ ဝတ္တရားကို​တော့ကျေ​အောင်​ လုပ်​ရမှာ​ပေါ့"

"အာ... Ajuma ကလဲ ကျွန်​​တော်​က အဲ့လို သ​ဘောမျိုးနဲ့ ​ပြောတာမဟုတ်​ပါဘူး တမျိုး​တွေ မ​တွေးပါနဲ့ ပီး​တော့ ကျွန်​​တော်​က Ajuma ကို ဒီအိမ်​မှာ အလုပ်​လာလုပ်​​နေတဲ့ သူလိုမျိုးလဲ သ​ဘောမထားပါဘူး ကျွန်​​တော်​တို့ရဲ့ ​ဆွေမျိုး တစ်​​ယောက်​လိုပဲ သ​ဘောထားတာပါ"

"​အေးပါကွယ်​ Ajuma လဲ သိပါတယ်​... ကဲပါ သားရယ်​ သွား​တော့မှာဖြင့်​ သွား​တော့​လေ မနက်​စာ မစားသွားဘူးဆို​တော့ အပြင်​မှာ ဝယ်​စားရအုံးမလား အဲ့​တော့ ​ကျောင်း​နောက်​ကျ​နေလိမ့်​မယ်​ သွား​တော့​နော်​"

"ဟုတ်​ကဲ့ပါ Ajuma ရဲ့ ဒါဆို ကျွန်​​တော်​ သွားပီ​နော်​"

"​အေး​အေး ​ဖြေး​ဖြေးလဲ သွားအုံး​နော်​"

Yeol ထွက်​သွား​တော့ Ajuma သက်​​ပြင်းတိုးတိုး​လေး ချလိုက်​မိတယ်​.... ဒီက​လေး နှစ်​​ယောက်​နဲ့​တော့ ခက်​​တော့တာပါပဲ... ​ကောင်​လေးကလဲ စိတ်​ထား​လေး ​ကောင်းရဲ့သားနဲ့ ​ကောင်​မ​လေးအ​ပေါ်မှာ ဘာလို့ ​အေးတိ​အေးစက်​ပဲ ဆက်​ဆံ​နေရတာလဲ မသိဘူး... ကိုယ်​​တွေက သူတို့ အိမ်​​ထောင်​ကျကတည်းက သူတို့မိဘ​တွေ လက်​ဖွဲ့​ပေးထားတဲ့ ဒီအိမ်​မှာ အတူတူ လိုက်​​နေရတာဆို​တော့လဲ က​လေး ၂​ယောက်​​အ​ပေါ်ကို သံ​ယောဇဉ်​​တော့ ရှိမိတယ်​.... မြင်​ရသ​လောက်​​တော့ ​ကောင်​မ​လေးက ​ကောင်​​လေးအ​ပေါ် အရမ်းကို ​ကောင်းရှာပါတယ်​.... အဲ့ဒါကို ​ကောင်​​လေးကလဲ ဂရုကို မစိုက်​​ပေးရှာဘူး... ဘာ​တွေများ ပြဿနာ​တွေ ရှိ​နေတာလဲ မသိဘူး​နော်​...

Beautiful Morning!!Where stories live. Discover now