Episode (4)

1.8K 108 2
                                    

Lulu အတွက်​​တော့Seoul မြို့ကြီးကို ​ရောက်​​နေတာ ဘာလိုလိုနဲ့ ၁လ​တောင်​ ပြည့်​​တော့မယ်​... Lulu က ကိုရီးယား တရုတ်​ လူမျိုး​လေ... Lulu Appa က Korean ဖြစ်​ပီး Omma က​တော့ Chinese ​ပေါ့... Lulu က သူမ Appa ကို ပိုချစ်​လို့ပဲလား​တော့ သိဘူး သူမ ကိုရီးယား​ရောက်​ရင်​ အရမ်း​ပျော်​တယ်​... ပီး​တော့ ကိုရီးယား စကား​ပြောရတာလဲ ကြိုက်​တယ်​တဲ့.... Lulu ကလဲ သူမAppa ကို ပိုချစ်​သလို သူမ Appa ကလဲ Lulu ကို သူ့အသည်းတဲ့... Lulu မှာ အကိုတ​ယောက်​ရှိ​သေးတယ်​... Lulu တို့က ​မောင်​နှမ ၂​ယောက်​​ပေါ့... Lulu Omma က​တော့ သူ့သားမှ သူ့သားပဲ... ​ပြောလို့သာ ​ပြောရတာပါ... မိဘပဲ ဘယ်​သားသမီးပဲဖြစ်​ဖြစ်​ အကုန်​ချစ်​ပီးသားပဲ... ဟုတ်​တယ်​မလား... ပီး​တော့ သူတို့ကို Lulu ကို ပိုပီး ဂရုစိုက်​​ပေးကြတယ်​... ဘာလို့လဲဆို​တော့ သူတို့က ​နောက်​ထပ်​ က​လေး မရ​တော့ဘူးလို့ ထင်​ထားတာတဲ့... အဲဒါ Lulu ကိုရခဲ့တာတဲ့... အလိုလဲ လိုက်​ကြတယ်​... Lulu oppa နဲ့ Lulu ကလဲ အသက်​​တော်​​တော်​ကွာတယ်​​လေ... Lulu oppa က အခု ၂၅ ထဲမှာ ရှိ​နေပီ.. Lulu က​တော့ အခုမှ အလယ်​တန်း ဒုတိယနှစ်​ ​ကျောင်းသူပဲ ရှိ​သေးတာ... အသက်​ကလဲ အခုမှ ၁၃ နှစ်​ပဲ ရှိ​သေးတာ​လေ... Lulu ကလဲ oppa ကိုဆို အရမ်းချွဲတာ.. ဟီးဟီး...

ဒါနဲ့ Lulu အ​ကြောင်း​တွေ ​ပြောတာများ​နေသလိုပဲ​နော်​... Lulu ဘာလို့ ကိုရီးယားကို ​ပြောင်းလာရသလဲဆိုတဲ့ အ​ကြောင်းလဲ ​ပြောပြအုံးမယ်​... အဲ့အ​ကြောင်း ​ပြောရမယ်​ဆိုရင်​ Lulu Appa နဲ့ Omma ​တွေ့ပုံ​လေးက စပီး ​ပြောရမှာ​ပေါ့...

Lulu Appa တို့က Seoul ဇာတိပဲ... Lulu Appa ရဲ့အ​ဖေ Lulu အဘိုးတို့က အထည်​လိပ်​လုပ်​ငန်း လုပ်​တယ်​တယ်​... Appa တို့မှာ ညီအစ်​ကို နှစ်​​ယောက်​ထဲ ရှိတာ... Appa ရယ်​ Appa ရဲ့ အကို​ရယ်ဆို​တော့... Lulu ဦး​လေးရယ်​​ပေါ့... တ​နေ့ကျ​တော့ Lulu Omma က ကိုရီးယားကို အထည်​လိပ်​ လုပ်​ငန်း​လေ့လာဖို့ အတွက်​ ​ရောက်​လာခဲ့တယ်​... Omma တို့က Chinese မှာ fashion comapy ​လေ... အဲ့ဒါ Omma ရဲ့ အ​ဖေ ... Lulu ဖိုးဖိုးက ကိုးရီးယားနဲ့ ဖက်​စပ်​ လုပ်​ငန်း လုပ်​ဖို့ရှိလို့.. Lulu Omma ကို ကိုရီးယားကို ပို့ပီး ​လေ့လာခိုင်းလိုက်​တာ​လေ... Korea ​ရောက်​​တော့ Appa တို့ လုပ်​ငန်းမှာ လာ​လေ့လာရင်းနဲ့ Appa နဲ့ ​တွေ့တာတဲ့... Appa က Omma ကို လိုက်​ ရှင်းပြ​ပေးရတဲ့ လူဆိုပဲ... Appa က တရုတ်​ စကားနဲနဲ တတ်​တယ်​​လေ...

Beautiful Morning!!Donde viven las historias. Descúbrelo ahora