"ကောင်း ဆေးသောက်လိုက်အုံး--"
ဆေးသောက်ဖို့ ပြောလာတဲ့မာန်ကြောင့်မနည်းအားယူ ထနေစဥ်၊ မာန်တွဲထူပေးတာကြောင့် ကုတင်ခေါင်းရင်းမှာမှီနေလိုက်သည်၊ မာန်က ကုတင်ဘေး စားပွဲထက်က ဆေးနဲ့ရေဖန်ခွက်လေး လှမ်းယူကာကမ်းပေးလာတာကြောင့် ဆေးသောက်ရင်းနေမကောင်းဖြစ်ရခြင်းကို အစဖော်ပြန်တွေးမိတော့သည်၊
မနေ့ညက ဘုန်းတို့ပြသနာပြီးတဲ့နောက်အခန်းကိုပြန်လာကာ ဝရန်တာမှာထိုင်ရင် ဖုန်းသုံးလိုက်သည် ၊ လေကလည်း တဖြူးဖြူူနဲ့မို့ အအေးကြိုက်တဲ့ကျွန်တော့်အဖို့တော့ တကယ့်ကို အခန်းထဲလုံးဝပြန်မဝင်ချင်၊ မာန် ဘယ်လောက်ပြောပြောအခန်းထဲမဝင်ဘဲ ပေကပ်ကာဂျစ်တိုက်နေလိုက်သည်၊အခုတော့ အဲ့အကျိုးကျေးဇူးအနေနဲ့ အိပ်ရာထဲကတောင်မနည်းထနေရပြီ၊မာန့်ပုံစံက ခပ်တည်တည်နဲ့လိုတာအားလုံးလုပ်ပေးပြီးပြုုစုပေမဲ့
အခြေအနေက သူ့စကားနားမထောင်ဘဲနေမကောင်းဖြစ်သွားလို့ စိတ်စိုးနေတာနဲ့တူတယ် ၊သူပြောနေတာကိုနားထောင်ခဲ့ရမှာ အခုတော့ သူ့ရဲ့အဲ့လိုပုံစံကြောင့် စိတ်မကောင်းဖြစ်ရသလိုရှိန်နေရပြီ---ဟိ--ဟိ--အခြေအနေကြည့်နေမှ။ပြောနေတာကိုနားမှမထောင်ဘဲ အခုတော့သူ့အပြစ်သူသိပုံရတယ် ၊ ခေါင်းကိုငုံ့ပြီး ငြိမ်လို့၊ သက်သာသွားပြီလားသိရအောင် နဖူးလေးတော့စမ်းကြည့်အုံးမှပါ၊စိတ်ထဲရှိတဲ့အတိုင်းဆို ညကနေမကောင်းစဖြစ်လာထဲကရိုက်ပစ်ချင်တာ၊နားမထောင်ရကောင်းလားဆိုပြီးပေါ့---၊တကယ်တမ်းကျတော့ရိုက်လည်းမရိုက်လိုက်ရတဲ့အပြင် သူ့ကိုယ်က မီးခဲလိုပူနေတာမို့ ဒီမှာ စိတ်ပူလိုက်ရတာဘာလုပ်လို့ဘာကိုင်ရမှန်းမသိပြာရာတွေခတ်နေရတာ---အဲ့တော့စိတ်မစိုးသင့်ဘူးလား---
ရုတ်တရတ်နဖူးပြင်ပေါ်ရောက်လာတဲ့နူးညံ့တဲ့မာန်ရဲ့ လက်ဖမိုးပြင်လေး၊မျက်နှာကတော့အခုထိတည်နေတုန်း၊သူ့လက်လေးနဖူးပေါ်လာတင်တော့ မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်လုပ်ကာနှုတ်ခမ်းလေးစူပြီးမျက်နှာချိုသွေးရတော့သည်။
YOU ARE READING
အချစ်ဝဋ်ကြွေး(နှလုံးသားရဲ့စေ)(bl story)
Romance❤❤❤❤❤ စတွေ့တွေ့ချင်း တစ်ယောက်နဲ့တစ်ယောက်ကြည့်မရဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်၊ တစ်ကယ်တမ်းလည်းတွယ်တာမိကြရော ဝေးရမဲ့အကြောင်းကဖန်လာပြန် ၊ အချစ်ဆိုတာကိုလက်ခံလိုက်ပြီးတစ်ကယ်တမ်းချစ်ကြမယ်လည်းဆိုပြန်ရော .....၊ မိသားစုပြသာနာတွေ၊ အရှပ်အထွေး...