အချစ်ဝဋ်​ကြွေး part 27

128 4 0
                                    

" မာန်  ဘုန်းသိ​နေပြီထင်တယ်--"

​ကောင်းရဲ့​ဖျော့​တော့​တော့အသံကြောင့် ကုတင်ရဲ့ခပ်လှမ်းလှမ်းစားပွဲမှာ​ကောင်းကိုကျော​ပေးပြီးထိုင်​နေတဲ့မာန်လှည့်ကြည့်လာသည်။​ကောင်းရဲ့​ဖျော့​တော့​နေတဲ့အသံ​ကြောင့်စိတ်ပူသွားကာ လုပ်လက်စအလုပ်ကိုခဏထားပြီး ကုတင်​ပေါ်က​ကောင်းရဲ့အနားကိုသွားထိုင်လိုက်သည်။

"မာန် ၊ဘုန်း  ၊ငါတို့ကိုစိတ်စိုးပြီးနှင်ထုတ်ရင်ဘယ်လိုလုပ်မလဲဟင်"

မျက်နှာချင်းဆိုင်ဖြစ်သွား​တော့မှ ​ပြောလာတဲ့​ကောင်းရဲ့စကား​ကြောင့်အံ့သြတာ​တော့အမှန်ပင်။ဘုန်း​နှင်ထုတ်မှာကို​ကြောက်​နေတာလား။ ငယ်ကတည်းက​ပေါင်းလာကြတဲ့သူငယ်ချင်း​တွေပဲ​လေ စိတ်စိုးကြလည်းခဏ​ပေါ့၊ ပြီး​တော့ အခုက ညီ​လေး​စေ​ကြောင့်မလိမ်ချင်ပဲလိမ်ထားကြရတာမဟုတ်လား။ တစ်ကယ်လို့​ကောင်း​တွေးသလို ဘုန်းကနှင်ချ​တော့​ကော၊ ပဲခူးမှာအိမ်​ရော ​၊မေ​မေ​ရော ရှိ​နေတာပဲမဟုတ်လား ၊ဒါ​တောင်သူကဘာကို​တွေးပူ​နေရတာလဲ။ မျက်နှာကလည်းညှိုး​ရော်လို့ ၊ ​ကောင်းဖြစ်​နေတာက ဘုန်း​   မောင်းချရင် ဆိုတာထက် ငယ်ငယ်ထဲက​ပေါင်းလာကြတဲ့သူငယ်ချင်းအရင်းကြီး​တွေမို့ ဘုန်းစိတ်ခုသွားမှာကို ​တွေးပြီးအခုလိုဖြစ်​နေတာပဲထင်ပါသည်။သူ့မျက်နှာညှိုး​တော့ကျွန်​တော်ပါစိတ်မ​ကောင်းဖြစ်ရ​ချေပြီ။​ဒါ​ကြောင့်စိတ်ကြည်သွား​အောင်စကားလမ်း​ကြောင်းကိုလွှဲလိုက်ကာ

"​ကောင်း  ၊ မဟုတ်တာကို​တွေးပြီးစိတ်ညစ်မခံ​နဲ့၊ အဲ့ဒီအစား ဟုတ်တာ​လေး​တွေးပါ့လား"

"ဘာကိုလဲ--"

"အ​ဖြေ​ပေးဖို့​လေ---"

"ဟာ-------"
ကျွန်​တော်​ပြော​တော့ ဘာစကားမှထွက်မလာ​တော့ပဲချက်ချင်း​ခေါင်းကိုငုံ့ကျသွားသည်။

​ပြော​နေတာကတစ်မျိုး ​ရောက်သွားတာကတစ်​နေရာဖြစ်​နေသည်။ ဟုတ်တာ​  တွေးဆိုလို့ဘာများ​ပြောမလို့လဲလို့ဒီစကားကိုပဲ​ရောက်လာပြန်သည်။လွန်ခဲ့တဲ့တစ်နှစ်​  စင်ကာပူမှာ​လျှောက်လည်ကြရင်း မထင်မှတ်ပဲကြားခဲ့ရတဲ့စကား၊ ကြားကြားချင်းအံ့သြခဲ့ရသလို စိတ်လည်းလှုပ်ရှားခဲ့ရ​ပေမဲ့ ၊မထင်မှတ်ပဲ​ပြောခဲ့တာ​လေ၊ ပြီး​တော့​လည်းအ​ရေးတယူလည်းမဟုတ်ဘဲ လမ်းသွား​နေရင်း​ပြောလိုက်တာဆို​တော့ မ​လေးနက်သလိုခံစားခဲ့ရသည်။ဒါ​ကြောင့် မာန်က  " ချစ်တယ် ---- ​ကောင်း "  လို့​ပြောလိုက်​တော့ ၊ ကျွန်​တော်ကလည်း "ချစ်တာ​ပေါ့ကွာ သူငယ်ချင်း​တွေပဲ"ဆိုပြီးပဲပြန်​ဖြေ​ပေးခဲ့သည်။အဲ့ဒီအချိန်ထဲက နှစ်​ယောက်အတူရှိပြီဆိုလူလစ်တာနဲ့အမြဲ​တောင်း​နေတဲ့အ​ဖြေ၊ အ​ဖြေပေးဖို့​ပဲ ပြော​နေတယ်၊ ချစ်ပါတယ်လို့​တော့ ​လေးနက်စွာမ​ပြော​တာမို့ဘယ်လိုမျိုး​ပေးရမလဲ။အခုလည်းမျက်နှာကိုစိုက်ကြည့်ပြီး​အ​ဖြေတဲ့​လေ မ​ပေးဘူး ၊ လုံးဝမ​ပေးဘူး၊ ချစ်လွန်းလို့အရည်​ပျော်သွားပါ​လေ့​စေ၊ ​လေး​လေးနက်နက်ချစ်ခွင့်မပန်ရင် ချစ်တယ်လို့ လုံးဝထုတ်မ​ပြောဘူး။

  အချစ်ဝဋ်​ကြွေး(နှလုံးသားရဲ့​စေ)(bl   story)Nơi câu chuyện tồn tại. Hãy khám phá bây giờ