Unicode Version
"ရှောင်းကျန့် ရှောင်းကျန့်..."
"ဝေ..."
"ဟိုမှာ...ကြည့်နေပြန်ပြီဟ..."
မြို့ရဲ့အထက်တန်းကျောင်းက တတိယနှစ်
စံပြကျောင်းသားလေးရှောင်းကျန့်က သိပ်ပြီး
နူးညံ့သိမ်မွေ့တယ်။ အနေအထိုင်၊ အပြုအမူကစလို့
အပြောအဆိုအထိ ဘာတစ်ခုမှာမှ ကြမ်းတမ်း
ခက်ထန်တာမျိုးမရှိဘူး။ယနေ့ချိန်ထိ ရှောင်းကျန့် ကျောင်းတက်လာတဲ့
တစ်လျှောက်လုံး လေသံမြှင့်ပြောတာမျိုး ဘယ်သူ
တစ်ဦးတစ်ယောက်မှ ကြုံဖူးခြင်းမရှိဘူး။
ဗရုတ်သုက္ခ ရန်ပွဲတွေမှာဝင်ပါဖို့ဆို
ဝေလာဝေးသေး။ ဒါကြောင့် ဒီမြို့သေးလေးမှာ
ရှောင်းကျန်နဲ့ ရန်ငြိုးရန်စရှိတဲ့သူ၊ ရှောင်းကျန့်ကို
ကြည့်မရတဲ့သူဆိုတာ ဂျိုနဲ့လားလို့ မေးရလောက်တဲ့
အထိကို မရှိသလောက်ရှားတာပင်။ဒါပေမယ့် အခုတော့ ဂျိုပေါက်နေတဲ့ဟာလေး
တစ်ယောက် ပေါ်လာပြီဖြစ်သည်။"သူက...ပထမနှစ်က ဟိုကောင်လေးလေ...
ကျစ် ငါသိပါတယ်...ဝမ် ဘာဆိုတာလေးမလား...""ဝမ်ရိပေါ်လေ...နှစ်ဝက်နဲ့ ကျောင်းပြောင်းလာပြီးမှ
ကျောင်းရဲ့ လူဆိုးလူမိုက်ရာထူးကို ကျောက်ယွင်
ဆီကနေ လုယူသွားတဲ့ဟာလေးပေါ့..."ရှောင်းကျန့်က အစတုန်းက သိပ်သတိမထားမိဘူး။
ဒါပေမယ့် သူငယ်ချင်းတွေက သတိပေးလာတဲ့
နောက်မှာ သူသိလိုက်ရတာက ထိုကလေးက
သူနဲ့ ဆုံလိုက်တဲ့အချိန်တိုင်း စူးစူးရဲရဲဖြင့်
ကြောက်လန့်စရာကောင်းအောင်ကို ရန်လိုစွာ
စိုက်ကြည့်နေတတ်တာ ဖြစ်သည်။မျက်ခုံးကြီးနှစ်ခုက အလယ်မှာ သွယ်တန်း
ကုန်သည်အထိ စုကြုံ့လို့ မျက်မှောင်တွေကို
မျက်ပေတုံးလေး ပျောက်သည်အထိ ကုပ်ကွေးရင်း
သေစေနိုင်လောက်တဲ့ အကြည့်ကြီးဖြင့် အမြဲတစေ
စိုက်ကြည့်လေ့ရှိတာပင်။ရှောင်းကျန့်မှာ အလိုလိုနေရင်း ကိုယ်က
ဘာမှလဲမလုပ်ရပါပဲ လူမုန်းခံနေရသည်ဖြစ်လို့
ကျောချမ်းမိတာ အမှန်ပင်။ ထိုကောင်လေးက
သူတို့ကျောင်းရဲ့လူမိုက်ရာထူးရထားတဲ့
ကျောက်ယွင်ကို ကျောင်းစတက်တဲ့နေ့မှာပင်
လက်သီးတစ်လုံး ကျွေးထည့်လိုက်တာ
ဟိုကောင့်ခမျာ တစ်လနီးပါး ဆန်ပြုတ်စားလိုက်
ရတယ်ဆိုပဲ။