Unicode

633 42 0
                                    

🎶 ဒီတန်ခူး ရွှင်မြူး နှစ်ကူးရောက်ပြီလေ
ရွှဲစိုအောင်ပက်လိုက်တော့လေ မောင်မောင်ရယ်တဲ့
ရွှဲစိုအောင်ပက်လိုက်တော့ ချမ်းပါတယ်ခင်ဗျ
သင်္ကြန်ရေတွေအေးပါတယ်ဆို
သင်္ကြန်ရေကချမ်းပါတယ်ကွယ် 🎶

အချိန်တိုင်းတစ်ယောက် သင်္ကြန်သီချင်းသံ ကြားလေတော့မှ မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီမှန်း သတိရလေသည်။ အချိန်တိုင်း ဆိုသည့် သူက တန်ခူးလမှာ မွေးဖွားသူတစ်ဦး မဟုတ်ပေမဲ့ တန်ခူးလကို နှစ်သက်သူတစ်ဦးပင်။

အတိအကျပြောရမည်ဆိုလျှင် April လမှာ မွေးဖွားပြီး တန်ခူးလကို ချစ်မြတ်နိုးသည့် တန်ခူးကြို ဆိုသော ကောင်လေးတစ်ယောက်ကြောင့် သူသည်လည်း သင်္ကြန်ရက်တွေကို သဘောကျတတ်‌နေပြီဖြစ်သည်။ အထူးသဖြင့် တန်ခူးကြိုနှင့် ဆုံတွေ့စေခဲ့သော မနှစ်က သင်္ကြန်အကြိုနေ့ကိုပင် .....

မနှစ်က သင်္ကြန်လည်‌တဲ့အချိန် တွေ့ခဲ့သည့် အသည်းတခြမ်းပိုင်ရှင်လေးကို သင်္ကြန်ပြီးတော့ မြန်မာနိုင်ငံ နေရာအနှံ့ လိုက်ရှာခဲ့ပါသော်လည်း အရိပ်ကလေးတောင် မမြင်ခဲ့ရ‌ပေ။

🎶 ရွှဲစိုအောင်ပက်လိုက်တော့လေ မောင်မောင်ရယ်တဲ့
ရွှဲစိုအောင်ပက်လိုက်တော့ ချမ်းပါတယ်ခင်ဗျ
သင်္ကြန်ရေတွေအေးပါတယ်ဆို
သင်္ကြန်ရေကချမ်းပါတယ်ကွယ်

ကျုံးရေသီကာပက်ကာဝိုင်း တန်ခူးလရောက်လေတိုင်း
သင်္ကြန်ကားလေးနဲ့ရေကစားထွက်လို့လည်
ကိုကိုတို့ရေကစားထွက်လို့လည်
ကျုံးရေသီကာပက်ကာဝိုင်း တန်ခူးလရောက်လေတိုင်း
သင်္ကြန်ကားလေးနဲ့ရေကစားထွက်လို့လည်
ကိုကိုတို့ရေကစားထွက်လို့လည် 🎶

ဘေးအိမ်ကတော့ သင်္ကြန်သီချင်းတွေ ဖွင့်နေ‌ဆဲပင်။ သီချင်းတွေကို နားထောင်ရင်း သူကိုယ်တိုင်လည်း လိုက်ညည်းဖြစ်ပါ၏။ တဆက်ထဲမှာပဲ သင်္ကြန်သီချင်း ခပ်အေးအေးလေးတွေကို သဘောကျတတ်သည့် မျက်လုံးဝိုင်းဝိုင်းလေးနှင့် ကောင်လေးတစ်‌‌ယောက်က အတွေးထဲ နေရာယူလျက် ...

~ ဒီနှစ်ရော ... ကြိုနဲ့ တွေ့ပါအုံးမလား ... ~

စိုးရိမ်ခြင်းများနှင့်အတူ တိုင်း၏ စိတ်တို့က ပြီးခဲ့တဲ့နှစ်က သင်္ကြန်ရက်များဆီသို့ ...

သူပြန်ရောက်မှ ပွင့်မည့် ပိတောက် ( One Shot )Donde viven las historias. Descúbrelo ahora