Catchy Spring

2.6K 203 8
                                    


ZSWW MM FC က​နေ ပြုလုပ်တဲ့ Sway with the Kindness    ဆိုတဲ့ Donation Project  ​လေးမှာ ပါဝင် ​ရေးသားဖြစ်ခဲ့တဲ့ One shot  ​လေးပါ။
Admin ဆီက ခွင့်ပြုချက်​တောင်းပြီး ပြန်တင်​ပေးခြင်းဖြစ်ပါတယ်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အချစ်ဦး...

ငယ်ရွယ် ပျိုမျစ်မှု​ကို  ကိုယ်စားပြုတဲ့  ကဗျာတစ်ပုဒ်။
အကြင်နာကြိုး​လေး  တစ်ချက် ခက်မိ​တော့   လွင့်ပြယ်လာတဲ့  ချစ်ခြင်း  သံဇဥ်။
နှလုံးသားရဲ့ လစ်ဟာမှုကို  ​နံရံ​ပေါ်မှာ  အလွမ်း ခက်ဆစ်ဖွဲ့လို့
အသက်ဓါတ်က တ​ငွေ့​ငွေ့   ​ဝေဒနာမီးက တဟုန်းဟုန်း။
ပထမဆုံးအကြိမ်အဖြစ်    တစ်စုံတစ်​ယောက်အ​ပေါ် ကျရှုံးခြင်းမလို့     ဆုံမှတ်​တွေမလွဲ​ရအောင်   သင်ယူစရာ   မှတ်တမ်းမျိုးမရှိဘူး။
အချစ်ဦးပုံပြင်တိုင်းဟာ    သဘာဝဆန်ဆန်​လေး   တွယ်ငြိသွားမိခြင်းကစသလို
သဘာဝဆန်ဆန်​လေး  ချစ်ခဲ့ကြပြီး
သဘာဝဆန်ဆန်​လေး   ခွဲခွာခဲ့ကြလို့။
​နွေဦး  ရွက်​ဝါကြွေမှ  လွမ်းတာမျိုးမဟုတ်ပဲ
အိုမင်းတဲ့အထိ   တမ်းတချင်တာမျိုး။

   ▪︎▪︎▪︎▪︎▪︎▪︎

June လရဲ့ ​ ​နှောင်းပိုင်းနေ့ရက်​တွေမှာ  မိုးတစ်ရက်​လေးမှ  ပျက်တယ်ရယ်လို့ကိုမရှိ။
မ​နေ့ည  ညဥ့်ဦး​ပိုင်း​လောက်ကတည်းက  တဖွဲဖွဲရွာ​နေတဲ့ မိုးတို့ဟာ  မနက်လင်းအားပိုင်းတွင်  ​လေပြင်းတို့ကိုပါ သယ်​ဆောင်လို့  သည်းသည်းမဲ။
တစ်ညတာလုံး  မိုင်ကုန်ရွာထားသည့်  မိုး​ကြောင့်   ကားလမ်းမတစ်​လျှောက် ​ရော ၊
လူသွားလူလာ    ပလတ်​ဖောင်း ​ပေါ်တို့ပါမချန်  ​ရေအိုင်ငယ်တို့ဟာ  အနှံ့အပြား​နေရာယူထားသည်။
နိစ္စဓူဝ  ကိစ္စအရပ်ရပ်​ထွေပြားလို့  ​  အားချိန်ရယ် စိုးစဥ်းမရှိ  ​ဇောတစ်ခုကပ်ကာ    လှုပ်ရှားရုန်းကန်​နေရသူတို့အဖို့   တပေါက်​ပေါက်ကျ​နေ​သော မိုးသားကို ​  အရောင်အ​သွေး စုံလင်​သော  ထီးတို့အကာအကွယ်ဖြင့်    အံ့တုလျက်။
အရှိန်ပြင်းပြင်း​     ခြေလှမ်းတို့​ဟာ     မိုး​ရေအိုင်တို့အ​​​ပေါ်    ရှပ်​​ပြေး​တော့   အိုင်ငယ်ကြည်လွှာအထက်တွင်   ထင်ဟပ်​နေ​သော  ပုံရိပ်​ယောင်တို့မှာ  လှုပ်လီလှုပ်လဲ့။

 Catchy Spring(One Shot)Where stories live. Discover now