(bl oneshort)

2.7K 196 20
                                    

Uni...

(bl oneshort)

"ဇွဲ ငါမင်းကိုချစ်တယ်"

"ငါတော့မင်းကိုမချစ်ဘူး.... "

ကြည့်ကျွန်တော့်crush ကအဲ့လိုပါဆို အမြဲခပ်ပြတ်ပြတ်ငြင်းတယ်။ သူနဲ့ခင်တာ ဟိုးငယ်ငယ်လေးထဲက အခုဆို တက္ကသိုလ် ပထမနှစ်တောင်တက်နေပြီ သူကတော့ ကျွန်တော့်ကိုစိမ်းကားတုန်း
ဒါပေမဲ့ လည်းစိမ်းကားတဲ့ကြားက ဂရုစိုက်မှုသေးသေးလေးတွေရှိသေးတယ်ဗျ။ ဥပမာ မိုးအရမ်းရွာတဲ့နေ့တွေမှာ ကျွန်တော်အနွေးထည်မပါဘဲချမ်းနေတယ်ဆိုရင် ကျွန်တော့်ကိုဆူပြီး သူ့အနွေးထည်ချွတ်ကာ ကျွန်တော့်ကိုပစ်ပေးတက်တယ်။

"ဇွဲ  ညနေအတူတူပြန်မယ် ငါ့ကိုစောင့်နော်"
ပြောသာပြောရတယ်စောင့်မှာမဟုတ်ဘူးဆိုတာလဲသိပါတယ် ညနေရောက်တော့ သူ့နောက်ပြေးလိုက်ရတာအမော
" ဇွဲငါစောင့်အုံးလို့ပြောထားတယ်လေ အမြဲတမ်းမစောင့်ဘူး အကျင့်ပုတ်ကောင်"

" အကျင့်ပုတ်တယ်ထင်ရင် လာမပေါင်းနဲ့"

" စတာပါ စတာပါကွာ ငါတို့hot pot ဝင်စားရအောင် "

" မစားဘူး  ...."

" လုပ်ပါ ငါအရမ်းစားချင်နေလို့ လာပါကွာ "
ဒါပေမဲ့ဘယ်ရမလဲ ကျွန်တော် ဇွဲကို အတင်းဆွဲခေါ်သွားလိုက်တယ်။

နောက်တစ်နေ့မနက် ကျောင်းရောက်တော့ ကျွန်တော့်စားပွဲမှာsuprise food box ကြီးတစ်ခု ကျွန်တော့်နာမည်နဲ့လာတင်ထားတာတွေ့တယ်။
" ဘာလဲ ငါ့အတွက်လား ဘယ်သူပေးတာလဲမသိဘူး။"

ကျွန်တော်လည်း ဇွဲပုခုံးကိုတိုက်ရင်း
" ဇွဲ တွေ့လား သူများတောင် ငါ့ကိုစိတ်ဝင်စားလို့ မုန့်တွေလာပေးတာ။ငါသူများနောက်ပါသွားတော့မှ မင်းနောင်တမရနဲ့နော်"

" လိုက်ချင်တဲ့လူနောက်လိုက်သွား စိတ်မဝင်စားဘူး "

" မင်းကလည်း  ...."
ဟုတ်တာပေါ့ ချေနိုင်တာပေါ့သူက ဇွဲကကျောင်းမှာဆို King လေ။
မုန့်တွေလက်ဆောင်တွေရတာလဲခဏခဏပဲ။
အရပ်ရှည်ရှည် အသားဖြူဖြူ ခန္ဓာကိုယ်ကလည်းတောင့်တောင့်နဲ့ စာကလည်းတော်သေး
ကြိုက်တဲ့လူတွေမှအများကြီး ဒါပေမဲ့လည်းသူကကျွန်တော့်အပိုင်ပဲဖြစ်ရမယ်ရအောင်လုပ်မှာ။

Bl Oneshort Collection Donde viven las historias. Descúbrelo ahora