I found a girl (part one)

909 66 0
                                    

she's got that smile and the body is to die for

Part one

***


တစ်ခါတစ်လေ Jennie ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ခံစားရတယ်။ အရည်အချင်းမပြည့်မှီဘူးဆိုတဲ့ခံစားချက်မျိုးပေါ့။ သူက YG ရဲ့အရည်အချင်းရှိသင်တန်းသူတွေထဲမှာ ပါဝင်ဖို့ မထိုက်တန်နေသလို။ မကိုက်ညီနေသလိုမျိုး။

သူ audition ကို ကံကောင်းလို့အောင်သွားတာလည်း ဖြစ်နိုင်တာပဲ။

လွန်ခဲ့တဲ့သုံးရက်က ဆိုးဆိုးရွားရွားအကဲဖြတ်အမှတ်ပေးခံရတာ အံဩစရာမရှိတော့ဘူး။

Jennie ဟာ သူ့အမေကို US မှာ ပညာဆက်မသင်ချင်တော့ဘူးလို့ ပြောလိုက်တဲ့အခါ ကံတရားက Jennie ကို လာနောက်တဲ့ပုံပါပဲ။ Jennie ရဲ့ဆုံးဖြတ်ချက်ကြောင့် မိခင်က ဒေါသထွက်သွားပေမယ့်လည်း သမီးဖြစ်သူက သူ မရင်းနှီးတဲ့နိုင်ငံကို ထပ်ပြောင်းရွေးသွားရင် နောက်ထပ်စိတ်ဆင်းရဲဒုက္ခကိုပဲ ခံစားရလိမ့်မယ်ဆိုတာကို အမေဖြစ်သူက နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

ပြီးတော့ Jennie ရဲ့အဖေဖြစ်သူကလည်း Jennie ရဲ့ဆုံးဖြတ်ချက်ကို သဘောကျခဲ့တာတော့မဟုတ်။ မိဘဖြစ်သူမှာ သူကို အဆင့်မြင့်ကောင်းမွန်တဲ့ပညာရေးပေးဖို့ ငွေကြေးဉစ္စာပြည့်စုံပါလျက်ကို Jennie မှာ ထိုအခွင့်အရေးကို မျက်နှာလွဲှခဲပစ်လုပ်လိုက်ခြင်းဖြစ်ကာ ဖခင်ဖြစ်သူမှာ အများကြီးစိတ်ခံစားရသည်။ ဒါပေမယ့် အဖေဖြစ်သူကတော့ အမေလိုမျိုး မသိသာ။ Jennie အဖေက မလှုပ်မရှက်နေတက်တဲ့သူ။ ဟိုဟိုဒီဒီစကားပြောဆိုပြီးတော့တာနဲ့ Jennie ကို ဆူဆုံးမခြင်းပြီးဆုံးသွားသည်။ သို့ပေမယ့်လည်း အဖေဖြစ်သူက တစ်ခါမှ Jennie ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြောဆိုတာမျိုး မလုပ်ခဲ့ပါ။ ဒီအတိုင်း ခေါင်းသာညိတ်ပြပြီး Jennie ကို ဘယ် entertainment Company ကို စိတ်ဝင်စားလဲဆိုတာသာ မေးပြီး ပြီးသွားခဲ့သည်။

သူ့မိဘတွေသည် Jennie ကို တစ်နေ့မှာ အများလေးစားရတဲ့နယ်ပယ်တစ်ခုမှာ အောင်မြင်ကျော်ကြားသူ ဖြစ်လာစေချင်တယ်။ ဒါကြောင့်ပဲ မိဘတွေဟာ သူအခုရွေးချယ်လိုက်တဲ့အလုပ်မှာ ရာနှုန်းပြည့် ပါဝင်အားပေးလာလိမ့်မယ်လို့ Jennie မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် အမေဖြစ်သူဟာ Jennie ကို အဝတ်အစားအသစ်တွေလိုက်ဝယ်ပေးတဲ့အခါ အရမ်းရွေးချယ်လွန်းနေတာမျိုး၊ Jennie ရဲ့အဆောင်ကိုရောက်ချလာပြီး အိမ်ချက်အရံဟင်းလေးတွေလာပို့ပေးတက်တာမျိုး၊ Jennie လေ့ကျင့်နေတဲ့ rap စာကြောင်းတွေကို ရွတ်ပြခိုင်းတာတွေ လုပ်လာတယ်။ အဲ့လိုဖြစ်ရပ်လေးတွေ ဖြစ်လာတိုင်းမှာ Jennie အရမ်းအံ့ဩမိသည်။ အဖေကတောင် အလုပ်တွေ အရမ်းရှုပ်နေပေမယ့်လည်း Jennie ကို အားပေးတဲ့စာလေးတွေ ပို့ပေးတက်ပြီး ဒါက သူ့အဖေလုပ်နေကြ ဂရုစိုက်ပေးတဲ့ပုံစံဖြစ်၏။

Short Story Where stories live. Discover now