ငါတို့ရဲ့ ရွှေရောင်နေ့ရက်များ (3)

333 77 4
                                    


Unicode


အထောက်တော် Rosé ရဲ့မှုခင်းမှတ်တမ်း (၃)

Rosé နောက်တစ်ချက်ကို ထပ်သိလိုက်တဲ့အချိန်က Tour ထပ်လှည့်တဲ့အချိန်မှာပေါ့။

အဲ့အမျိုးသမီးက သူတို့အလုပ် အသိုင်းအဝိုင်းထဲကလူ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အချက်။

ဘယ်လိုသိခဲ့တာလဲဆိုတော့ Concert လုပ်နေတဲ့ နားနေချိန်အတွင်းမှာ သိခဲ့တာပဲ။ အမှန်တော့ Rosé လည်း ဒီအဖြစ်ကို မြင်ခဲ့သင့်တာ မဟုတ်ဘူးရယ်။ သူက အကလေ့ကျင့်ခန်းမ တစ်ခန်းခန်းမှာကျန်ခဲ့တဲ့ ဖုန်းလေးကို ဟိုရှာဒီရှာ ရှာနေတဲ့အချိန်မှာပေါ့။

ဖုန်းလေးရှာတွေ့တာနဲ့ noti ကိုတန်းဖတ်နေတဲ့ Rosé လေးဟာ တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိတယ်။

နှစ်ယောက်စလုံး ဖင်ထိုင်ရက် လဲကျကုန်တာ။

ဝင်တိုက်မိတဲ့လူက Lisa ။

"အာ့"
နှစ်ယောက်စလုံး တညီတညွှတ်တည်း သံပြိုင် ငြီးငြူးမိလိုက်ကြတယ်။

ဘေးတံခါးကနေ ရုတ်တရက် ဘုန်းခနဲ့ ဆောင့်ပိတ်သံကြောင့် Rosé မှာ တုန်တက်သွားမိတဲ့အထိပဲ။

အသံကြားရာဆီ ခေါင်းကို အလိုလိုလှည့်ကြည့်မိတော့ 'စတိုခန်း' ဆိုတဲ့စာသား ချိတ်ထားတဲ့တံခါး။

(တံခါးအတွင်းဘက်ကနေ တစ်ယောက်ယောက်ရဲ့ ကျိန်ဆဲသံကို သူ ကြားလိုက်တယ်ဆိုတာ ကျိန်ဆိုကျိန်ရဲပါတယ်)

သူ Lisa ကို ပြန်လှည့်ကြည့်မိတော့ ဝင်တိုက်မိလို့နာသွားတဲ့ လက်မောင်းကို ပွတ်နေတာ မြင်လိုက်ရတယ်။

ပျက်နေတဲ့ နှုတ်ခမ်းနီ၊ ရှုပ်ပွနေတဲ့ဆံပင်၊ အသက်ရှုသံ ပြင်းနေတဲ့ပုံစံ၊ အပြစ်ရှိနေပုံရတဲ့ မျက်နှာ၊ ပြီးတော့ စတိုခန်း...

သူ စတိုခန်းထဲမှာ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ပြီး ပြန်လာတာများလား???

"နင်- နင် အခု စတိုခန်းထဲမှာ တစ်ယောက်ယောက်နဲ့ ကျိတ်တွေ့နေတာမလား"

Lisa ရဲ့မျက်လုံးက ပြူးသွားတယ်။

"ဘာရယ်"

"နင်အခုလေးတင် စတိုခန်းထဲက ထွက်လာတာလေ။ နင့်နှုတ်ခမ်းနီကလည်း ပျံ့လို့။ ရှုပ်အင်္ကျီကလည်း အရှေ့အနောက် လွှဲနေသေးတယ်"
Rosé ချက်ကျလက်ကျပြောလိုက်တယ်။

Short Story Where stories live. Discover now