အပိုင်း ၃

2.4K 218 3
                                    

ဒုတိယမြောက်နေ့မှာလည်း Kuea Keeratiက ခွေးတစ်ကောင်လို အတုံးအရုံး မူးရူးနေပြန်ပြီ။ တုတ်တွေကို နှစ်ခါချိုးပြီးတဲ့အထိ ဒရမ်ကို တီးခတ်ပြီးတဲ့အချိန်မှာတော့ Liveတီးခတ်မှုက အဆုံးသတ်သွားခဲ့သည်။ တီးဝိုင်းအဖွဲ့မှာ ပါဝင်တဲ့အဆိုတော်တွေနှင့် အတီးသမားတွေလည်း အသီးသီးပြန်ကုန်ပြီဆိုပေမယ့် Kueaကတော့ Jayရှိတဲ့ကောင်တာနားမှာ ထိုင်ပြီး သောက်နေတုန်း... Jayရဲ့ကတိအတိုင်းပဲလေ... သူတို့မှာ ရှိသမျှ အရက်တွေကို ချခိုင်းပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့တဲ့အထိ အမူးသောက်ခဲ့တာ... ကြည့်ရတာ ရှေ့ရက်ကလည်း သောက်ထားတဲ့အရှိန်နဲ့ဆိုတော့ ဒုတိယနေ့မှာ ပိုပြီး အမူးလွယ်နေတာ ဖြစ်နိုင်သည်။ ဘီယာဖြစ်ဖြစ်၊ အရက်ဖြစ်ဖြစ်... ခွက်လိုက်ကို မော့ချနေတာ... Jayရဲ့အသံကိုတောင် သူ သဲသဲကွဲကွဲ မကြားရတော့ပါ။ ဒီလူ ရယ်နေတာကိုတော့ သူ သိသည်။ ဘာကြောင့် ရယ်နေတာလဲဆိုတာကိုတော့ သူ မသိ... ထိုင်ဖို့ကိုတောင် သူ့ကိုယ်သူ မထိန်းထားနိုင်တော့အချိန်မှာ ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူ့နား လျောက်လာခဲ့သည်။ Kuea မျက်နှာနှင့် စားပွဲတို့ မိတ်မဆက်သွားခင်မှာ လက်ဖဝါးတစ်ခုက အ​မြန်ပြေးခံလာပြီး ခေါင်းလုံးလုံးလေးကို အသာလေးမကာ ကြီးမားလှတဲ့ကိုယ်ပေါ်သို့ မှီစေသည်။ ဒီလူက ဘယ်သူလဲ။

'ပြန်မယ်။ Hia လိုက်ပို့ပေးမယ်'

ဘယ်Hiaလဲ။ Hia Lianလား။ Hia Lianက မကောင်းတဲ့ကောင် မဟုတ်ဘူးလား။

'ဒီကောင်လေးကို ပြန်ခေါ်သွားလိုက်... အိမ်ပြန်ကြတော့...'

Jayက သူ့ကို Hiaနဲ့ လွှတ်လိုက်တာလား။ နေပါဦး... မခေါ်နဲ့... မပြန်ချင်ဘူး။ သူ မမူးသေးဘူးလေ...

'မပြန်ဘူး။ ဘယ်သူလဲ... မလိုက်ဘူးကွာ... ငါ မကြိုက်ဘူး'

'ခေါင်းမမာနဲ့... ထ!'

'ငါ့ကို အမိန့်လာမပေးနဲ့... Jay... နောက်ပုလင်း ချပေး...'

'မင်း အရမ်းမူးနေပြီကွ... ငါ့ဆိုင်ထဲမှာ သေချင်နေတာလား။ မင်းHiaနဲ့ ပြန်လိုက်သွား... မြန်မြန်... ငါလည်း ဆိုင်ပိတ်တော့မယ်'

သူမှ မမူးသေးတာ ဘာလို့ အတင်း အိမ်ပြန်ခိုင်းနေရတာလဲ။ အရက်တိုက်မယ်လို့ ပြောခဲ့တာ ဘယ်သူလဲ။ ထပ်ပြီး လိမ်ပြန်ပြီ။ ဘာလို့ အလိမ်အညာတွေနဲ့ပဲ သူ တိုးနေရတာလဲ။ Kueaအကြာကြီးတောင် စိတ်မညစ်လိုက်ရ... သူ့ကို ဆွဲခေါ်သွားတဲ့လူတစ်ယောက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပါသွားသည်။ ဘားထဲက အလင်းရောင်တွေက ခေါင်းမူးစေတာကြောင့်သူ့ကို အိမ်ပြန်ပို့ပေးမယ်ဆိုတဲ့Hiaက ဘယ်သူလဲဆိုတာကို သူ အခုထိ မမြင်ရသေး... ဓာတ်လှေကားဆီ သွားနေတဲ့အချိန်မှာပဲ Kueaက လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့ပါ။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now