Chapter: Seven

501 51 1
                                    

Unicode Version

| ၂၀၁၇ ဖေဖော်ဝါရီ ၁၁ ရက် |
( တွဲပြီးလေးဆယ့်ကိုးရက်အကြာ )

" သီချင်းနာမည်ကို ‌ဘယ်လိုပေးရင်ကောင်းမလဲ?နည်းနည်းလောက်ကူစဉ်းစားပေးပါဦး "

ဝမ်းလျားမှောက်ထားရင်းနဲ့ ဘေးကတောင့်တင်းနေတဲ့ ရင်အုပ်ပိုင်ရှင်ကို တဖောင်းဖောင်း လှမ်းပုတ်တော့ တုန့်ပြန်တဲ့အနေနဲ့ ဟောက်သံအချို့ကိုသာ ကြားရတယ်။ ဂျယ်မင်း မျက်မှောင်တို့ကိုတွန့်ကြုတ်မိတယ်။

သူဒီလောက်ဘေးက ပွစိပွစိပြောနေတာတောင် အိပ်ပျော်သွားနိုင်သေးတာလား?

သူကသာ တောင်တွေးမြောက်တွေး တွေးနေပေမယ့် သူ့ဘေးကလူက သူ့စကား‌သံတွေကြား နှစ်ခြိုက်စွာ အိပ်မောကျနေနှင့်ပြီ။

" ရား လီဂျဲနို ဘာလို့ အိပ်ပျော်သွားတာလဲ?ငါမေးနေတယ်လေ သီချင်းနာမည်ကိုဘာပေးရင်ကောင်းမလဲလို့ "

ပုခုံးကိုဆွဲလှုပ်ပြီး နှိုးပေမယ့်လည်း တရှူးရှူးနဲ့အိပ်မောကျနေသံကိုသာ ပြန်ကြားရတယ်။

နံရံပေါ်က တိုင်ကပ်နာရီဆီအကြည့်ပို့မိတော့ လက်ရှိအချိန်က မနက်ခင်း လေးနာရီ။

" လီဂျဲနို ထလို့!!!"

နားအနားကိုကပ်ပြီး အသံစူးစူးနဲ့အော်လိုက်တော့မှ လန့်နိုးသွားတဲ့ပုံနဲ့ဂျဲနိုက အခုမှ အင်းခနဲ အသံရှည်ဆွဲရေရွတ်ရင်း မှေးစင်းနေတဲ့မျက်လုံးတွေကို အတင်းဆွဲဖွင့်တယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ အတင်းဆွဲနှိုးခံလိုက်ရလို့ နိုးလာတဲ့ဂျဲနိုရဲ့ပုံစံက ကြောင်တိကြောင်တောင်နဲ့။

ဂျယ်မင်းသူ့အိမ်မှာလာအိပ်ပြီး အိပ်မပျော်တဲ့ညတွေဆို ဂျဲနိုက ညသန်းခေါင်ကျော်အထိ သူကြိုက်တဲ့ကဗျာဒါမှမဟုတ် ပုံပြင်တစ်ပုဒ်ကိုဖတ်ပြရင်း ဂျယ်မင်းအိပ်ပျော်တဲ့အထိ ချော့သိပ်လေ့ရှိတယ်။ ဂျယ်မင်းကလည်း အဲ့လိုအချိန်ဆို ဂျဲနိုရဲ့ရင်ခွင်ထဲဝင်ပြီး ဂျဲနိုပြောသမျှ ငြိမ်ငြိမ်လေးနားထောင်ရင်း အိပ်ပျော်သွားတာ အလေ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။

CLOUD Where stories live. Discover now