Ep - 1

7.5K 487 216
                                    

(Unicode)

တက္ကသိုလ်ပေါင်းစုံကျင်းပတဲ့ ပြဇာတ်ပြိုင်ပွဲမှာ ရိပေါ်တစ်ယောက် စင်ဒရဲလားနေရာကနေ သရုပ်ဆောင်ရမှာဖြစ်သည်။

မနက်ဖြန်က တကယ်ဖျော်ဖြေရမယ့်နေမို့ ဒီနေ့ကို အချောသတ် rehearsal ပြန်လုပ်နေကြတာဖြစ်၏။

ကာတွန်းထဲက စင်ဒရဲလားဝတ်သလိုမျိုး ဂါဝန်အကြီးကြီးကို ဝတ်ထားရပြီး ထိုင်နေသည်မှာ စိတ်ပျက်လက်ပျက်နှင့် ကားယားကြီး။ တကယ်ဆို ပင့်ကူလူသားပဲလုပ်ချင်တာ ။ ဒါပေမဲ့ စပိုက်ဒါမန်းပြဇာတ်အတွက်က တခြားတက္ကသိုလ်က မဲကျသွားသည်လေ။

ပြဇာတ်တစ်ခုလုံးကို သရုပ်ဖော်ပြရမှာ  ကျောင်းသားတွေချည်းပဲ။ ကံဆိုးချင်တော့ ရိပေါ်မဲနှိုက်လိုက်ရာ စင်ဒရဲလားဇာတ်ကောင်ကြီးဖြစ်နေလေသည်။

မလုပ်ချင်ပါဘူးလို့ငြင်းပေမယ့် မင်းနဲ့ ဒီဇာတ်ကောင်နဲ့ လိုက်တယ်လို့ပြောတဲ့သူရယ် ၊ စင်ဒရဲလားမလုပ်ဘူးဆိုရင် ဘွိုင်းကောက်(boycott) လုပ်မှာလို့ပြောတဲ့ကောင်ရယ် ၊ မင်းနဲ့သာဆို ဒီပြဇာတ်က ပထမဆုရမှာလို့ မြှောက်ပေးတဲ့ကောင်တွေရယ်ကြောင့် စင်ဒရဲလားနေရာကို စိတ်ညစ်ညစ်နဲ့ လက်ခံလိုက်ရသည်ပဲထားပါတော့။

ခုတော့ ရာသီဥတုကပူပူနဲ့ ဂါဝန်ကြီးဝတ်ထားရသည်။ ဆံပင်တုကြီးစွပ်ထားရတာလဲ အိုက်သေး။

ဝဋ်ကြွေးတွေဆပ်နေရတာပါဆို !

စင်ဒရဲလား နေရာမှာ သရုပ်ဆောင်ပေမယ့် တစ်ခုတော့ မရမက ငြင်းဆိုထားသည်။

အဲဒါကတော့ ဒေါက်ဖိနပ်လုံးဝမစီးနိုင်ဘူးဆ်ိုတာပါပဲ။

အတန်းထဲက မအေဘေးတွေကလည်း မရမကဖျောင်းဖြလေသည်။

မရဘူး။ ဒေါက်ဖိနပ်စီးကိုစီးရမယ်တဲ့။

ရိပေါ် ကလည်း ခေါင်းမာဆဲ။ လုံးဝမစီးနိုင်ဘူးပဲ။

ဟိုကောင်တွေက ပြောသည်။ စင်ဒရဲလားပြဇာတ်ရဲ့ အသက်က ဖန်ဒေါက်ဖိနပ်ကျွတ်တဲ့အချိန်တဲ့။ ဒါဆို ရိပေါ် သရုပ်ဆောင်ရမယ့်ပြဇာတ်ကျ စလစ်ပါကွင်းထိုးက အသက်ဖြစ်စေရမယ်။

ဒါကြောင့်ပဲ ရိပေါ်လည်း စလစ်ပါကွင်းထိုးအမည်းရောင်ကိုပဲ စီးထားလေသည်။

Hi ! How are you , babe?Where stories live. Discover now