Ep - 4

3.4K 378 151
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ရှေ့ကို ဒူးတစ်ဖက်ထောက်ထိုင်လို့ စေ့စေ့ကြည့်လ်ိုက်သည်။ ရိပေါ်က မလုံမလဲဖြင့် ကုတ်အကျီကို ရင်ဘတ်တွေလုံအောင်ဆွဲစ်ိလို့ မျက်လွှာချပစ်သည်။

ရှောင်းကျန့်ကို ရိပေါ်မျက်နှာချင်းမဆိုင်ရဲပါ။

နေ့လည်က ဂါဝန်ကိုတောင် ဖရိုဖရဲလုပ်နိုင်တဲ့ဘဲကြီးရှေ့မှာ က်ိုယ်က အပေါ်ပိုင်းဗလာနဲ့ဆိုတော့ စိတ်မလုံတာကြောင့်ပင်။

" နေကောင်းလား ဘေဘီ "

ရှောင်းကျန့်က သူ့လက်ညှိုးနဲ့ ရိပေါ်ရဲ့ မေးကို မော့တင်၏။

" ဟင့်အင်း ! မကောင်းဘူး သေတော့မှာထင်တယ် "

ရိပေါ်ကခေါင်းခါပြကာ  ရွဲ့ပြောလေတော့ ရှောင်းကျန့်ကရယ်သည်။

တကယ်ပါ ရှောင်းကျန့်နဲ့တွေ့ရတာ ရိပေါ်အတွက် သေချင်စိတ်တောင်ပေါက်သည်။

" နမိတ်မရှိ နမာမရှိတွေမပြောရဘူး ဘေဘီရဲ့ ။ ပါးစပ်စီးတတ်တယ်"

ဘေဘီဆိုသော နာမ်စားကြောင့် ရိပေါ်မှာ ကြက်သီး တစ်ဖြန်းဖြန်းထရသည်။

ဘာဘေဘီလဲ ! ဘောကိုဘေဘီ ! ဝမ်ရိပေါ်တို့ ဘေဘီမဟုတ်ကြောင်း ချွတ်ပြလိုက်ရ မကောင်းရှိတော့မည်။

အင်္ကျီကိုပြောတာပါ အင်္ကျီ အင်္ကျီ !

လောလောဆယ် အပေါ်ပိုင်းက ဘိုးတော်ရဲ့ ကုတ်အကျီဝတ်ထားသည်လေ။

" အခုက ဘယ်နေရာလဲ။ ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ "

ရိပေါ်က စိတ်ထဲမှာ ကြိတ်ဆဲနေပေမယ့် အပြင်ပန်းမှာတော့ အသနားခံလိုက်သည်။

" ဒီနေရာလား ?  ကိုယ့်အိမ်လေ ။ သက်သက်မဲ့ခေါ်လာပြီးမှတော့ ပြန်ပို့ပေးစရာလား ဘေဘီရဲ့ "

ရိပေါ်မှာ ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ချောင်းကိုပိုက်ကာထိုင်လို့ ရှောင်းကျန့်ကတော့ ဒူးတစ်ဖက်ထောက်လျက် ဆောင့်ကြောင့်ထိုင်ထားဆဲ။

အိမ်ကြီးကလည်း ဟိုတယ်ကြီးနှင့်တောင်တူသည်။ အလုပ်လုပ်နေကြသည့် တူညီဝတ်စုံတွေနဲ့ အိမ်အကူတွေကလည်း အများသား။

Hi ! How are you , babe?Where stories live. Discover now